စပါးအသင်းနည်းပြ ကွန်တီက အသက်အရွယ်ရလာသည့် ဂိုးသမားလိုရစ်၏နေရာ၌ အဲဗာတန်အသင်း ဂိုးသမား ပစ်ဖို့ဒ်နှင့် အစားထိုးရန် ပြင်ဆင်နေ

စပါးအသင်းနည်းပြ ကွန်တီက အသက်အရွယ်ရလာသည့် ဂိုးသမားလိုရစ်၏နေရာ၌ အဲဗာတန်အသင်း ဂိုးသမား ပစ်ဖို့ဒ်နှင့် အစားထိုးရန် ပြင်ဆင်နေ

လန်ဒန်၊ ဘောလုံး

စပါးအသင်းနည်းပြ ကွန်တီက အသက်အရွယ်ရလာသည့် ဝါရင့်ဂိုးသမား လိုရစ်၏နေရာ၌ အစားထိုးရန် လာမည့် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင်  အဲဗာတန်အသင်း  ဂိုးသမား  ပစ်ဖို့ဒ်ကိုကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ် လိုရစ်သည် စပါးအသင်း၌ ကာလရှည်လက်စွမ်းပြ ကစားနိုင်ခဲ့သော်လည်းနောက်ပိုင်းတွင် အသက်အရွယ် ကြောင့် အကျဘက်ကိုရောက်ရှိလာပြီး ယခုဘောလုံးရာသီတွင် ပုံမှန်လက်စွမ်းအောက်ရောက်ရှိနေသည့်အတွက် နည်းပြကွန်တီက ပွဲထွက်ဂိုးသမားနေရာ၌ အပြောင်းအလဲပြုလုပ်လိုခြင်းဖြစ်သည်။

နည်းပြကွန်တီသည် စပါးအသင်းနည်းပြအဖြစ် မခန့်အပ်မီကတည်းက တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ်ခေါ်ယူ အင်အားဖြည့်တင်းရန် သဘောတူညီမှုရရှိထားပြီးဖြစ်သကဲ့သို့  ဂိုးသမားနေရာ အတွက်လည်း အပြောင်းအလဲပြုလုပ်ရန် တောင်းဆိုထားခြင်းဖြစ်သည်။

အစောပိုင်းတွင် စပါးအသင်းက အေဂျက်အသင်းနှင့် အနာဂတ်မရေမရာဖြစ်နေသည့် ဂိုးသမား အိုနာနာကို ခေါ်ယူရန်စီစဉ်နေ သော်လည်း အိုနာနာအနေဖြင့် အင်တာမီလန်အသင်းသို့ ပြောင်းရွှေ့ကစားရန် သဘောတူညီမှုရရှိထားသည့်အတွက် ဂိုးသမား  ပစ်ဖို့ဒ်ကို ပြောင်းလဲကမ်းလှမ်းရန် ပြင်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

Ref;Football London