အမေရိကန်နှင့်ဖြစ်ပွားသည့် ထိပ်တိုက် ရင်ဆိုင်မှုတွင် တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးဟု အီရန်ပြော

အမေရိကန်နှင့်ဖြစ်ပွားသည့် ထိပ်တိုက် ရင်ဆိုင်မှုတွင် တပ်ဖွဲ့ဝင် ကိုးဦးသေဆုံးဟု အီရန်ပြော

ပင်လယ်ကွေ့ဒေသတွင် အမေရိကန်တပ်များနှင့် ဖြစ်ပွားသည့် ထိပ်တိုက်ရင်ဆိုင် မှုအတွင်း အီရန်အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ကိုးဦး သေဆုံးကြောင်း အဆိုပါတပ်ဖွဲ့မှ ရေတပ်တပ်မှူး အလီရီဇာ တန်ဆီရီက နိုဝင်ဘာ ၂၁ ရက်တွင် ပြောသည်။

အီရန်အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုင်ငံ၏ နယ်မြေပိုင်နက်ကို ကာကွယ်ရန်အတွက် အသက်ကို စွန့်သွားခြင်းဖြစ်ကြောင်း၊ တပ်ဖွဲ့ဝင်များ၏ အဆိုပါ စွန့်လွှတ်စွန့်စားမှုသည် အီရန်အနေဖြင့် နိုင်ငံ၏ရေကြောင်း ပိုင်နက်၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို  အမေရိကန် ပြည်ထောင်စုအား သိနားလည်စေခဲ့ကြောင်း တန်ဆီရီက ဆက်ပြောသည်။ သို့ရာတွင် အီရန်အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့သည် မည်သည့်အချိန်တွင် အမေ ရိကန်တပ်များနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရသည် ဟူသောအချက်နှင့် တပ်ဖွဲ့ဝင်များ မည်သို့ သေဆုံးခဲ့သည် ဟူသော အချက်ကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။

သို့သော် အိုမန်ပင်လယ်ကွေ့တွင် ပြီးခဲ့ သည့် နိုဝင်ဘာ ၃ ရက်၌ အမေရိကန် တပ်ဖွဲ့ဝင်များက အီရန်ရေနံတင် သင်္ဘော တစ်စင်းအား စီးနင်းသိမ်းပိုက်ရန် ကြိုးပမ်း မှုကို အီရန်အစ္စလာမ်မစ် အစောင့်တပ်ဖွဲ့က ကာကွယ်စဉ် ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပွား ပြီးနောက် တားဆီးနိုင်ခဲ့ကြောင်း သိရသည်။