ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်သည့် ပွဲစဉ်အပြီး မန်ယူအသင်းဘုတ် အဖွဲ့ဝင်များ အရေးပေါ် ဆွေးနွေးပွဲ ကျင်းပကာ နည်းပြအပြောင်းအလဲ ပြုလုပ်ရန်ပြင်ဆင်

ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်သည့် ပွဲစဉ်အပြီး မန်ယူအသင်းဘုတ် အဖွဲ့ဝင်များ အရေးပေါ် ဆွေးနွေးပွဲ ကျင်းပကာ နည်းပြအပြောင်းအလဲ ပြုလုပ်ရန်ပြင်ဆင်

ပရီးမီးယားလိဂ် ပွဲစဉ်(၁၂)တွင်   မန်ယူအသင်းက ဝက်ဖို့ဒ်အသင်းကို  ၄ ဂိုး-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်သည့် ပွဲစဉ်အပြီး  မန်ယူအသင်းဘုတ် အဖွဲ့ဝင်များက အရေးပေါ် ဆွေးနွေးပွဲချက်ချင်း ကျင်းပခဲ့ကာ  ယခုရက်ပိုင်းအတွင်း  နည်းပြအပြောင်းအလဲ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မန်ယူအသင်းသည်  ပရီးမီးယားလိဂ်နောက်ဆုံး ကစားသည့်ခုနစ်ပွဲတွင် တစ်ပွဲနိုင်၊ တစ်ပွဲသရေရလဒ် သာ ရရှိပြီး   ကျန်ပွဲစဉ်အားလုံး ရှုံးနိမ့်ကာ   ရမှတ်လေးမှတ်သာ ရရှိခဲ့သည့်အတွက်   မန်ယူအသင်းဘုတ် အဖွဲ့ဝင်များက ဝက်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်သည့်ပွဲစဉ်ပြီးနောက်   ယခုရက်ပိုင်းအတွင်း   နည်းပြဆိုးလ်ရှား၏ နေရာကို အပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။

မန်ယူအသင်းသည် အစောပိုင်းကတည်းက နည်းပြ အပြောင်းအလဲ ပြုလုပ်လိုသော်လည်း    နည်းပြသစ် အဖြစ်   ဇီဒန်းကိုခန့်အပ်ရန်   အနည်းငယ်ကြန့်ကြာနေသည့်အတွက် နည်းပြဆိုးလ်ရှားကို အချိန်ပေးထားသော်လည်း    ဝက်ဖို့ဒ်အသင်းနှင့် ပွဲစဉ်တွင်   ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် နည်းပြအပြောင်းအလဲ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြပြီး  နည်းပြသစ်အဖြစ် နည်းပြဇီဒန်းကို  အမြန်ဆုံး ခန့်အပ်နိုင်ရေး အတွက်လည်း ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။