COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ အထောက်အကူ ဖြစ်စေရန် အဟာရဖြည့် စားသောက် ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ သြဂုတ် - ၅

ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက် ကုသမှုခံယူ နေသူများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများ အာဟာရပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် အဟာရဖြည့်စွက် စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သားများက သွားရောက် ပေးအပ်လှူ ဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုပြည်သူ့ဆေးရုံ၊ ကယား ပြည်နယ်၊ ဘောလခဲမြို့၊ ဖားဆောင်းမြို့၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့တို့ရှိ ပြည်သူ့ ဆေးရုံများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နှင့်တာလေမြို့တို့ရှိ ပြည်သူ့ဆေးရုံ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြည်သူ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့ တိုက်နယ်ဆေးရုံ၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာ မြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဒူးယားတိုက်နယ် ဆေးရုံ၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ခန္တီးမြို့ခရိုင်ပြည်သူ့ဆေးရုံ၊ ချင်းပြည်နယ်၊ တီးတိန်မြို့ ပြည်သူ့ဆေးရုံ၊ မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံတိုက်နယ်ဆေးရုံနှင့် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၊ ပြည်သူ့ဆေးရုံနှင့် ဝေါမြို့၊ ညောင်ခါးရှည် တိုက်နယ် ဆေးရုံတို့၌ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦး လက်ဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ် (စ်)၊ တီးမစ်(စ်)စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သတင်း ရရှိသည်။