မိတ္ထီလာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာ၊ အားကစား

မိတ္ထီလာခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

မိတ္ထီလာခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်အသင်းပေါင်းစုံ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၂၄ ရက်  ညနေ ၃ နာရီတွင်  ခရိုင်အားကစားကွင်း၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဗိုလ်လုပွဲကို ကျင်းပရာ Bo Kyi FC အသင်းနှင့် UKM FC အသင်းတို့ ပွဲချိန်ပြည့်သရေဖြစ်နေ၍ ပယ်နယ်တီ အဆုံးအဖြတ်စနစ်ဖြင့် ပယ်နယ်တီကန်သွင်းကြရာ Bo Kyi FC အသင်းကို UKM FC အသင်းက ၁ ဂိုး-၄ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲ သွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကို ကျင်းပရာ ပထမဆုရ UKM FC အသင်းအား ဆုဖလား၊  ဆုငွေများနှင့် တစ်ဦးချင်းဆု တံဆိပ်များကို ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက လည်းကောင်း၊ ဒုတိယဆုရ Bo Kyi FC အသင်းအား ဆုဖလား၊ ဆုငွေများနှင့် တစ်ဦးချင်းဆုတံဆိပ်များကို မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်  အကောင်းဆုံးအားကစား သမားဆုနှင့် နေရာ အလိုက် အားကစားဆုများအား တာဝန်ရှိသူများက လည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။          

(၆၀၂)