မန်စီးတီးအသင်း လူငယ်တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဖြင့် ဘာစီလိုနာ အသင်းခေါ် ယူနိုင်ရန်နီးစပ်နေ

မန်စီးတီးအသင်း လူငယ်တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဖြင့် ဘာစီလိုနာ အသင်းခေါ် ယူနိုင်ရန်နီးစပ်နေ

မက်ဒရစ်၊ ဘောလုံး

ဘာစီလိုနာအသင်းက လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်စီးတီးအသင်း၌ ပုံမှန်ပွဲထွက်ခွင့်မရရှိဘဲ အနာဂတ် မရေမရာဖြစ်နေသည့်  လူငယ်တိုက်စစ်ကစားသမား ဖာရန်တောရက်စ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ဖြင့်ခေါ်ယူ နိုင်ရန် နီးစပ်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းကို နည်းပြသစ်အဖြစ် ဇာဗီ ကိုင်တွယ်ခဲ့ပြီးနောက် လာမည့်ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင်   အသင်းတိုက်စစ်ပိုင်း အတွက် အင်အားဖြည့်တင်းရန်ပြင်ဆင်နေပြီး အစောပိုင်းက မန်စီးတီးအသင်းမှ စတာလင်းကို ကမ်းလှမ်းခဲ့ သော်လည်း  မန်စီးတီးအသင်းက  ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ အထိ  သတ်မှတ်ထားသည့်အတွက် လက်လျှော့ကာ ဖာရန် တောရက်စ်ကို ပြောင်းလဲကမ်း လှမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဘာစီလိုနာအသင်း တာဝန်ရှိသူများသည်  အင်္ဂလန်နိုင်ငံ  မန်ချက်စတာမြို့သို့ရောက်ရှိနေကာ  ဖာရန်တောရက်စ် ၏အပြောင်း အရွှေ့အတွက် ဆွေးနွေးမှုများပြုလုပ်နေပြီး မန်စီးတီးအသင်းက ပြောင်းရွှေ့ကြေးကို ယူရို သန်း ၅၀ သတ်မှတ်ထား ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းအနေဖြင့် လက်ရှိတွင် အသင်း ဘဏ္ဍာရေးအကျပ်အတည်း တွေ့ကြုံနေရသည့်အတွက် ဖာရန်တောရက်စ်ကို ကနဦး ရာသီဝက်အငှားစာချုပ်ဖြင့်ခေါ်ယူပြီး ရာသီကုန်ချိန်မှသာ အပြီးသတ်ခေါ်ယူရန် ဆွေးနွေးနေကြောင်း သိရသည်။

Ref;Sky Sports