Globe Soccer တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် မက်ဆီ စီရော်နယ်ဒို လီဝန်ဒေါစကီးတို့နှင့်အတူ ထိပ်တန်းကစားသမားအများစုပါဝင်လာ

Globe Soccer တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် မက်ဆီ စီရော်နယ်ဒို လီဝန်ဒေါစကီးတို့နှင့်အတူ ထိပ်တန်းကစားသမားအများစုပါဝင်လာ

နီယွန်၊ ဘောလုံး

European Club Association (ECA) နှင့်  European Association of Player's Agents တို့ ပူးပေါင်းပြီး  နှစ်စဉ်ပေးအပ်ချီးမြှင့်သည့်  Globe Soccer Awards ဆုများတွင်  တစ်ခုအပါအဝင်ဖြစ်သည့်  Globe Soccer တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက်  ဆန်ခါတင်စာရင်းထုတ်ပြန် ခဲ့ရာ မက်ဆီ၊ စီရော်နယ်ဒိုနှင့် လီဝန်ဒေါစကီးတို့အပါအဝင် ထိပ်တန်းကစားသမားအများစုပါဝင်လာ ကြောင်း သိရသည်။

European Club Association (ECA) နှင့် European Association of Player's Agents တို့ပူးပေါင်း၍ ၂၀၁၀ ပြည့်နှစ်မှစတင်ကာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌  နှစ်စဉ်ကျင်းပလျက်ရှိပြီး ၂၀၂၀ ပြည့်နှစ်ကပေးအပ်ခဲ့သည့် Globe Soccer တစ်နှစ် တာအကောင်းဆုံး ကစားသမားဆုကို ဘိုင်ယန်မြူးနစ်အသင်း  တိုက်စစ်မှူး  လီဝန်ဒေါစကီးကရရှိခဲ့သည်။

Globe Soccer တစ်နှစ်တာအကောင်းဆုံးကစား သမားဆုသည် လက်ရှိဘောလုံးအားကစားနည်းတွင် ပေးအပ်လျက်ရှိသည့် ဥရောပ အကောင်းဆုံး ကစားသမားဆုများနှင့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုတို့ကဲ့သို့    ဂုဏ်သိက္ခာကြီးမားသည့်ဆုတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက် Globe Soccer တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက်     ဆန်ခါတင်ကစားသမားစာရင်းတွင် စီရော်နယ်ဒို၊ မက်ဆီ၊ အက်ပလီကွီတာ၊ ဒီယက်စ်၊ ဂျော်ဂျင်ဟို၊ လီဝန်ဒေါစကီး၊ ဆာလက်ချ်၊ ဘင်ဇီမာ၊  ဒွန်နာရမ်မာ၊  ဟယ်ရီကိန်း၊  လူကာကူ၊ သောမက်မူလာ၊ ဗာရက်တီ၊ ချီယေဆာ၊ ဖာနန်ဒက်ဇ်၊ ကန်တီ၊  မာကွင်ဟို၊  နေမာ၊  ဒီဘရိုင်း၊  ဟာလန်း၊ ကင်မစ်ချ်နှင့် အမ်ဘတ်ပီတို့ အသီးသီးပါဝင်ခဲ့ကြသည်။

Globe Soccer Awards ဆုပေးပွဲအခမ်းအနား တွင် Globe Soccer တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအပြင် Globe Soccer တစ်နှစ်တာ ခံစစ်အကောင်းဆုံးကစားသမားဆု၊ Globe Soccer တစ်နှစ်တာ Globe Soccer တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆု၊ Globe Soccer တစ်နှစ်တာအကောင်းဆုံးနည်းပြဆု၊ Globe Soccer တစ်နှစ်တာအကောင်း ဆုံးအမျိုးသမီးကစားသမားဆု၊   Globe Soccer တစ်နှစ်တာအကောင်းဆုံးနိုင်ငံအသင်းဆုနှင့် Globe Soccer တစ်နှစ်တာအကောင်းဆုံးကလပ်အသင်း ဆုတို့ကို အသီးသီး ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

အဆိုပါဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်တွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။                   

Ref;90Min