ပီအက်စ်ဂျီအသင်း အဓိကတိုက်စစ်မှူး နေမာ ခြေချင်းဝတ်ပြင်းထန်ဒဏ်ရာကြောင့် ကာလရှည် အနားယူရမည့် အရေးနှင့်ရင်ဆိုင်နေရ

ပီအက်စ်ဂျီအသင်း အဓိကတိုက်စစ်မှူး နေမာ ခြေချင်းဝတ်ပြင်းထန်ဒဏ်ရာကြောင့် ကာလရှည် အနားယူရမည့် အရေးနှင့်ရင်ဆိုင်နေရ

ပီအက်စ်ဂျီအသင်း အဓိကတိုက်စစ်မှူး နေမာသည် နိုဝင်ဘာ ၂၈ ရက်ညက စိန့်အက်တီယန်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင် ခြေချင်းဝတ် ပြင်းထန်စွာ ဒဏ်ရာရရှိသည့်အတွက် ကာလရှည် အနားယူရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

နေမာသည်  စိန့်အက်တီယန်အသင်းနှင့် ကစားသည့်ပွဲစဉ်တွင်  ပွဲပြီးဆုံးခါနီး ပွဲချိန်  ၈၈ မိနစ်တွင် ဘောလုံးထိန်းရာ၌ ခြေချင်းဝတ်ဒဏ်ရာ ရရှိပြီးနောက် ဆက်လက်ကစားနိုင်ခြင်း မရှိဘဲ ထမ်းစင်ဖြင့် ကွင်းပြင်ပသို့ ထွက်ခွာခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင်   နေမာ၏ဒဏ်ရာနှင့် ပတ်သက်၍ အသေးစိတ် မစစ်ဆေးရသေးသည့်အတွက် မည်သည့် အချိန်ထိ အနားယူရမည်ကို မသိရှိသေးဘဲ မကြာမီ အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်ပြီးမှသာ အနားယူရမည့် အချိန်ကို သိရှိနိုင်မည်ဖြစ်သည်။

နေမာအနေဖြင့်  ကွင်းပြင်ပသို့  ထမ်းစင်ဖြင့်ပင်  ထွက်ခွာခဲ့ရသည့် အတွက် ဒဏ်ရာမှာ ပြင်းထန်ဖွယ် ရှိနေသောကြောင့်  ပီအက်စ်ဂျီအသင်းနှင့် ယခုနှစ်အတွင်း ကစားရမည့်ပွဲစဉ် အားလုံးကို လွဲချော်မည် ဖြစ်ပြီး ၂ဝ၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကစားမည့် ပွဲစဉ်များကိုပါ လွဲချော်ဖွယ်ရှိနေခြင်းဖြစ်သည်။

နေမာအနေဖြင့် နောက်ပိုင်း ကာလများတွင် ဒဏ်ရာ ပြဿနာများ မကြာခဏတွေ့ကြုံနေရပြီး ယခုဘောလုံး ရာသီတွင်လည်း ၁ဝ ပွဲသာ ကစားခဲ့ရကြောင်း သိရသည်။