အာရပ်နိုင်ငံများနှင့်အစ္စရေးနိုင်ငံတို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကြောင့် ဒေသတွင်း တည်ငြိမ်မှုရမည်ဟု ရုရှားမျှော်လင့်

အာရပ်နိုင်ငံများနှင့်အစ္စရေးနိုင်ငံတို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကြောင့် ဒေသတွင်း တည်ငြိမ်မှုရမည်ဟု ရုရှားမျှော်လင့်

အာရပ်နိုင်ငံများဖြစ်သော အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် ဘာရိန်းနိုင်ငံက အစ္စရေးနိုင်ငံနှင့်ရရှိသည့် ငြိမ်းချမ်းရေး သဘောတူညီချက်သည် အရှေ့အလယ်ပိုင်း ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကိုရရှိမည်ဟု ရုရှား အစိုးရက မျှော်လင့်ကြောင်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး မီခေးဘော့ဒါနော့က စက်တင်ဘာ ၁၆ ရက်တွင်ပြောသည်။ ထိုသဘောတူညီချက်များသည် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပြီး ပါလက်စတိုင်း အရေးအပါအဝင် ပြဿနာအားလုံးအတွက် အဖြေဖြစ်ပါက ရုရှားအစိုးရက ကြိုဆိုကြောင်း ၎င်းကဆက်ပြောသည်။ ထို့ပြင် အချိန်အနည်းငယ်ကြာပြီးနောက်နှင့် တိုးတက်မှုအသစ်များ ထွက်ပေါ်လာချိန်မှသာ ထိုသဘောတူညီချက်များကို ဆန်းစစ်နိုင်မည် ဖြစ်ကြောင်း မီခေးဘော့ဒါနော့ကပြောသည်။

အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းနိုင်ငံတို့သည် အမေရိကန်၏ကမကထပြုမှုဖြင့် စက်တင်ဘာ ၁၅ ရက်တွင် အစ္စရေးနိုင်ငံနှင့်ငြိမ်းချမ်းရေးသဘောတူညီချက်များကို လက်မှတ် ထိုးခြင်းဖြစ်သည်။ အစ္စရေးနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကြား လက်မှတ် ထိုးသည့် ငြိမ်းချမ်းရေး သဘောတူစာချုပ်မှာ သံတမန်ဆက်ဆံရေးထူထောင်မှုနှင့် အခြားသော ဆက်ဆံရေးများကိုလည်း ပုံမှန်အတိုင်း ပြန်လည် လုပ်ဆောင်ရန်ဖြစ်သည်။ အစ္စရေးနိုင်ငံက ဘာရိန်းနိုင်ငံနှင့်ရရှိသည့် သဘောတူညီချက်မှာ ငြိမ်းချမ်းရေးကြေညာချက် ဖြစ်ကြောင်းသိရသည်။

Ref: Sputnik