တရုတ်(တိုင်ပေ)သို့သွားမည့် မူးယစ်ဆေးဝါးများ ထိုင်းတာဝန်ရှိသူများသိမ်းဆည်းရမိ

ဘန်ကောက်၊ မှုခင်း

တရုတ်(တိုင်ပေ)သို့သွားမည့် မူးယစ်ဆေးဝါးများ ထိုင်းတာဝန်ရှိသူများသိမ်းဆည်းရမိ

ထိုင်းနိုင်ငံ အကောက်ခွန်ဌာနမှ တာဝန်ရှိသူများသည် တရုတ်(တိုင်ပေ)သို့သွားမည့် မူးယစ်ဆေးဝါးကီလိုဂရမ် ၉၀၀ နီးပါးကို ကုန်တင် သင်္ဘောတစ်စင်းပေါ်မှ သိမ်းဆည်းရမိကြောင်း သိရသည်။

ဈေးကွက်ပေါက်ဈေးအနေဖြင့် အမေရိကန်ဒေါ်လာ ၈၈ သန်းတန်ဖိုးရှိ အဆိုပါမူးယစ်ဆေးဝါးများကို တရုတ်(တိုင်ပေ)သို့ ပို့ဆောင် မည့်  ကုန်ပစ္စည်းအထုပ်များ အတွင်းရှိ ဆီလီကွန်အပြား ၁၆၁ ခုအတွင်း အမှုန့်ပုံစံဖြင့် သိုဝှက်သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထိုင်း အကောက်ခွန်ညွှန်ကြားရေးမှူးချုပ် ပတ်ချာရာအာနန်တာဆေက ဒီဇင်ဘာ ၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုင်းတာဝန်ရှိသူများက  တရုတ်(တိုင်ပေ)တာဝန်ရှိသူများနှင့်ပူးပေါင်းကာ  စုံစမ်းစစ်ဆေးမှုများ လုပ်နေကြောင်း ၎င်းကဆက်ပြောသည်။

အောက်တိုဘာလတွင်  လာအိုနိုင်ငံ၏နယ်နိမိတ်အနီးရှိ ထိုင်းရဲတပ်ဖွဲ့ဝင်များက စိတ်ကြွရူးသွပ်ဆေးပြား ၅၅ သန်းကိုလည်းကောင်း၊ ရွှေတြိဂံဒေသမှ စိတ်ကြွရူးသွပ်ဆေးအခဲ ၁ တန်ခွဲကိုလည်းကောင်း စံချိန်တင်သိမ်းဆည်းရမိကြောင်း သိရသည်။

Ref: TST