ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၉၅၀၀ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၃၇၄ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၉၂ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၄

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၉၅၀၀  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၃၇၄ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၉၂  ရာခိုင်နှုန်းရှိ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၃-၁၂-၂၀၂၁) ရက် ည ၈ နာရီမှ (၄-၁၂-၂၀၂၁) ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၉၅၀၀ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၇၄ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၆၆၅၇၆၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၅၂၄၁၂၂ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၅၃၆ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၄၉၉၈၀၀ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ရှစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၁၃၅ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက  သတင်း ထုတ်ပြန်ထားသည်။             

(၅၀၀)