မိုင်းပျဉ်းမြို့နယ်နှင့် တုံတာမြို့နယ်ခွဲရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

မိုင်းပျဉ်းမြို့နယ်နှင့် တုံတာမြို့နယ်ခွဲရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ စက်တင်ဘာ - ၁၇
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်နှင့် တုံတာမြို့နယ်ခွဲရှိ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များအား စက်တင်ဘာ ၁၆ ရက်ညနေပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့်အဖွဲ့ဝင်များက မိုင်းပျဉ်းမြို့၊ တပ်နယ်ခန်းမ၌ သွားရောက် တွေ့ဆုံသည်။
    
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးပြီး ဆန် ၂၈ အိတ်၊ ရွှေဖီဦး ၃၁၀ ထုပ်နှင့် ကြက်ဥ ၉၃၀ လုံးတို့ကို ပေးအပ်ကာ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။