ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၅၅၅ဝ  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၈၅ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှု ၁ ဒသမ  ၈၃ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၅၅၅ဝ  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၈၅ ဦးတွေ့ရှိ၊ ရောဂါပိုး တွေ့ရှိမှု ၁ ဒသမ  ၈၃ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၅

ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၄-၁၂-၂ဝ၂၁) ရက် ည ၈ နာရီမှ (၅-၁၂-၂ဝ၂၁) ရက် ည ၈  နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၅၅၅ဝ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၈၅ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၈၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၆၈၁၃၁၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၄၄ဝ၇ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့် ရရှိသူ ၅ဝ၄ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅ဝဝ၃ဝ၄ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်   ထပ်မံသေဆုံးသူ ခြောက်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၁၄၁ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ(၄-၁၂-၂ဝ၂၁)ရက်အထိ    လူဦးရေ စုစုပေါင်း ၁၇၆၁ဝ၉၅၉ ဦးအား ထိုးနှံပေး ပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၂၃ဝ၅၆၃၁ ဦးနှင့် ပထမ အကြိမ် ထိုးနှံပြီးစီးသူ ၅၃ဝ၅၃၂၈ ဦးရှိပြီ ဖြစ်သည်။ သို့ဖြစ်ပါ၍ (၄-၁၂-၂ဝ၂၁) ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၂၉၉၁၆၅၉ဝ ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက   သတင်း ထုတ်ပြန်ထားသည်။