နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော်သား များအတွက် ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော်သား များအတွက် ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၇
    
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများအတွက် ပဲခူးတိုင်းဒေသကြီး၊ ဗုဒ္ဓကလျာဏ ယုဝအသင်းကြီး(YMBA)မှ အသင်းဥက္ကဋ္ဌ ဦးလှတင်ဦးနှင့် အမှုဆောင်အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဧည့်ရိပ်သာကြီး၌ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ် သည်။
    
ထိုသို့ ပေးအပ်ရာတွင် တပ်မတော်သားများအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းနှင့် ငွေကျပ် ၆ သိန်းတန်ဖိုးရှိ စားသောက်ဖွယ်ရာနှင့် အသုံးအဆောင်ပစ္စည်းများကို ဦးလှတင်ဦးက ပေးအပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။