ပေါ်ဦးပေါ်ဖျား လိမ္မော်သီးများ ဈေးကောင်းရရှိ စိုက်ပျိုးသူများ အဆင်ပြေ

ပေါ်ဦးပေါ်ဖျား လိမ္မော်သီးများ ဈေးကောင်းရရှိ စိုက်ပျိုးသူများ အဆင်ပြေ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မြို့မဈေးကြီးရှိ သစ်သီး အဝယ်ဒိုင်များတွင် ယခုရက်ပိုင်းအတွင်း   သီပေါမြို့နယ်နှင့် မိုင်းရင်ဒေသထွက် ပေါ်ဦးပေါ်ဖျား လိမ္မော်သီးများ ဈေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း  သိရသည်။

သီပေါမြို့နယ်နှင့် မိုင်းရင်ဒေသထွက် ပေါ်ဦးပေါ်ဖျား လိမ္မော်သီးများသည် ဈေးကောင်းရရှိပြီး ယခင်နှစ်က  လိမ္မော်သီး စပေါ်ချိန်တွင် တစ်ပိဿာလျှင် ငွေကျပ် ၅ဝဝ၊  ငွေကျပ်  ၇ဝဝ၊  ငွေကျပ်  ၁၁ဝဝ အထိရရှိခဲ့သော်လည်း     ယခုနှစ်တွင် လိမ္မော်သီးအသေး တစ်ပိဿာလျှင် ငွေကျပ် ၁၇ဝဝ ၊ အလတ်ငွေကျပ် ၁၈ဝဝ၊ အကြီး ငွေကျပ် ၁၉ဝဝ အထိရရှိကြောင်း၊ လက်ကားရောင်းချရာတွင် ကွတ်ခိုင်မြို့၊ သိန်းနီမြို့နှင့်တန့်ယန်းမြို့တို့သို့   ဖြန့်ဖြူးရောင်းချပေးကြောင်း၊ ယခုတွင် ဒေသတွင်း နှစ်ရှည်သီးနှံဖြစ်သည့် လိမ္မော်သီးများ ထွက်ရှိလာပြီး တရုတ်ပြည်ဘက်မှ လိမ္မော်သီးများ အဝင်မရှိသည့်အတွက် ဒေသထွက် အသီးများ ဈေးကောင်းရရှိကာ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိပြီး ပိုမိုတိုးချဲ့ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။