ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၈၈၄ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၃၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၃၇ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၈၈၄ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၃၁ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၃၇ ရာခိုင်နှုန်းရှိ

နေပြည်တော် ဒီဇင်ဘာ ၆

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၅-၁၂-၂ဝ၂၁) ရက် ည ၈ နာရီမှ (၆-၁၂-၂ဝ၂၁) ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၆၈၈၄ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၃၁ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၃၇ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၆၉၈၂ဝ၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၅၂၄၆၃၈ ဦးရှိပြီဖြစ်သည်။

ယနေ့တွင်   ဆေးရုံဆင်းခွင့်ရရှိသူ ၃၉၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅ဝဝ၇ဝ၁ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့်   ထပ်မံသေဆုံးသူ ငါးဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၁၄၆ ဦးရှိကြောင်း ကျန်းမာရေး  ဝန်ကြီးဌာနက   သတင်း ထုတ်ပြန်ထားသည်။