လားရှိုးမြို့၌ အားကစားဝတ်စုံနှင့် အားကစားပစ္စည်းများ ရောင်းအားကောင်းနေ

လားရှိုးမြို့၌ အားကစားဝတ်စုံနှင့် အားကစားပစ္စည်းများ ရောင်းအားကောင်းနေ

လားရှိုးမြို့၌ ယခုနှစ် လူထု အားကစားလဖြစ်သော ဒီဇင်ဘာလ၌   နေ့စဉ်လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်သူ များပြားလာခြင်း၊ စုပေါင်း လမ်းလျှောက်ပွဲများကို ရုံးဌာန အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ ကုမ္ပဏီ အသင်းအဖွဲ့များ၊ မိသားစုများအလိုက် ပြုလုပ်လျက်ရှိခြင်းတို့ကြောင့် လမ်းလျှောက် အားကစား ဝတ်စုံများနှင့် အားကစားဖိနပ်များမှာ ရောင်းအား ကောင်းလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့တွင်   ဒီဇင်ဘာ လူထုအားကစားလ၌ အရောင်းသွက်နေသော အားကစား ဝတ်စုံနှင့် အားကစား ပစ္စည်းများမှာ လမ်းလျှောက် အားကစားဝတ်စုံ(ဂျာစီ)တစ်စုံလျှင် အမျိုးအစားပေါ် မူတည်၍ ငွေကျပ် ၁၇ဝဝဝ မှ ငွေကျပ် ၂၅ဝဝဝ ထိ၊ လမ်းလျှောက် ကင်းဘတ်ဖိနပ်တစ်ရန်လျှင် ငွေကျပ် ၈၅ဝဝ မှ ငွေကျပ် ၁ဝဝဝဝ ထိ၊ ဘောလုံးအားကစား ဝတ်စုံတစ်စုံလျှင် ငွေကျပ် ၆ဝဝဝ မှ ငွေကျပ် ၉ဝဝဝ ထိ၊ ဘောလုံးကန် ဖိနပ်တစ်ရန်လျှင် အမျိုးအစားပေါ် မူတည်၍ ငွေကျပ် ၇၅ဝဝ မှငွေကျပ် ၃၁ဝဝဝ ထိ၊ ဘောလုံးတစ်လုံးလျှင် ငွေကျပ် ၁၆ဝဝဝ မှ ငွေကျပ် ၂၅ဝဝဝ ထိ၊ ခြင်းလုံးတစ်လုံးလျှင် ငွေကျပ် ၆၅ဝဝ မှ ငွေကျပ် ၁၅၅ဝဝ ထိဖြစ်ကြောင်း   သိရသည်။