ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၉၇၂ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၃၉၈  ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ ၁ဝ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၈၉၇၂ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၃၉၈  ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၂ ဒသမ ၁ဝ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၈

ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ သံသယ လူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး ၇-၁၂-၂ဝ၂၁ ရက်၊   ည ၈ နာရီမှ ၈-၁၂-၂ဝ၂၁ ရက်၊ ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၈၉၇၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၉၈ ဦး တွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၁ဝ ရာခိုင်နှုန်း ရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၇၃၄၈၉၉ ခုအား စစ်ဆေးခဲ့ပြီး  ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၅၂၅၄ဝ၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၃၃၁ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅ဝ၁၅၂ဝ ဦး ဆေးရုံမှ   ဆင်းခွင့်ရရှိပြီးဖြစ်သည်။  ကိုဗစ်-၁၉ ရောဂါဖြင့်   ထပ်မံသေဆုံးသူ ငါးဦးရှိသဖြင့်  ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၁၅၇ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ ၇-၁၂-၂ဝ၂၁ ရက်အထိ လူဦးရေ စုစုပေါင်း ၁၈၁၇၈၄၉၄ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၂၅၇၉၈၈၈ ဦးနှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၅၅၉၈၆ဝ၆ ဦး ရှိပြီဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ၇-၁၂-၂ဝ၂၁ ရက်အထိ   မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ    စုစုပေါင်း ၃ဝ၇၅၈၃၈၂ ကြိမ်ထိုးနှံပြီးဖြစ်ပါကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။