ပြည်သူများအထူးသတိပြုနေထိုင်သွားစေလို

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID-19 ရောဂါအတွက် ဓာတ်ခွဲစစ်ဆေးမှု အခြေအနေထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၇ ရက်  ည ၈ နာရီအထိ အတည်ပြုလူနာ ၄၀၄၃ ဦး၊ ဆေးရုံဆင်း ၉၄၄ ဦးနှင့် သေဆုံး  ၆၀  ဦးရှိပြီဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အတည်ပြုလူနာအများဆုံးဖြစ်ပွားလျက်ရှိပြီး ရခိုင်ပြည်နယ်တွင် အတည်ပြုလူနာ ဒုတိယ အများဆုံးဖြစ်ပွားလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့်  ဝင်၊ ထွက်ဂိတ်များကို ကျန်းမာရေးစံနှုန်းများနှင့်အညီ စနစ်တကျစစ်ဆေးသွားမည်ဆိုလျှင်   ရောဂါကူးစက်မှုအန္တရာယ်မှဆက်လက်ကာကွယ်သွားနိုင်မည်ဖြစ်သည်။

ကူးစက်မှုနှုန်းမြင့်တက်

လတ်တလောအခြေအနေရ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါပြန့်ပွားမှုသည် ပိုမိုမြန်ဆန်လာလျက်ရှိသည်။  ထိုသို့ကူးစက်မှုနှုန်းမြင့်တက်ရခြင်းသည်  ကာရာအိုကေဆိုင်တွင် သီချင်းဆိုရာမှ ပျံ့နှံ့သွားခြင်းဖြစ်သည်။ အလုံပိတ်အခန်းများတွင် သီချင်းဆိုခြင်းသည် ရောဂါပိုးပြန့်အောင်ပြုလုပ်ခြင်းပင်ဖြစ်သည်။ ကာရာအိုကေဆိုင်ဝန်ထမ်းအားလုံးတွင်   ရောဂါ ပိုးတွေ့ရှိခဲ့သည်။ လာရောက်သီချင်းဆိုသူများကိုလည်း  ရောဂါပိုးကူးစက်နေမည်ဖြစ်သည်။

ရန်ကုန်မြို့သည်    စီးပွားရေးအချက်အချာမြို့ဖြစ်သည်နှင့်အညီ  လူနေထိုင်မှုလည်း ထူထပ် လျက်ရှိသည်။  အထူးသဖြင့်  စားသောက်ဆိုင်များ၊ ကေတီဗွီများ၊ အနှိပ်ခန်းများ၊ နိုက်က လပ်များ၊ဘားများစသည့် အပန်းဖြေအနားယူမှုဆိုင်ရာစီးပွားရေးလုပ်ငန်း  အများအပြားတည်ရှိ လျက်ရှိသည်။ကာရာအိုကေများ၊ နိုက်ကလပ်များနှင့်ဘားများတွင်အလုံပိတ်အခန်းများအတွင်း၌ တစ်ဦးနှင့်တစ်ဦး ပူးကပ်စွာနေထိုင်ခြင်း၊ ကျယ်လောင်စွာသီချင်းဆိုခြင်း၊ စကားပြောဆိုခြင်း တို့ကြောင့်   ရောဂါပိုး ကူးစက်ပျံ့နှံ့မှုနှုန်းမြန်ဆန်စေသည်။ ဆိုရလျှင်စိတ် အလိုလိုက်သူများမှ တစ်ဆင့် တခြားသူများကို ရောဂါပိုးကူးစက်နေပြီဖြစ်သည်။ ထိန်းထိန်းသိမ်းသိမ်း နေထိုင် သွားဖို့လိုနေပြီဖြစ်သည်။

သင်ခန်းစာယူသင့်

စင်စစ်အားဖြင့် အမေရိကန်အပါအဝင်အနောက်ဥရောပနိုင်ငံများတွင် COVID-19  စတင်ဖြစ်ပွား စဉ်ကအလေးမထားဘဲ ပုံမှန်အတိုင်းသွားလာလှုပ်ရှားခဲ့ကြသဖြင့် ရောဂါကူးစက်မှုနှင့် သေဆုံးမှု နှုန်းမြင့်တက်ခဲ့သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် COVID-19 အန္တရာယ် ကိုလျှော့တွက်ခဲ့မိကြောင်းဝန်ခံပြောကြားခဲ့သည်။ အနောက်နိုင်ငံများသည်ကိုယ်ခံအားစနစ်ဖြင့် COVIDအန္တရာယ်ကိုကျော်လွှားနိုင်မည်ဟု ယူဆခဲ့သော်လည်း အထင်နှင့်အမြင် တက်တက်စင် အောင်လွဲခဲ့သည်။ လက်ရှိအချိန်အထိ ထိန်းချုပ်နိုင်စွမ်းမရှိသေးပေ။

သို့သော် ကပ်ရောဂါ စတင်ဖြစ်ပွားသည့်တရုတ်နိုင်ငံတွင်မူ သွားလာလှုပ်ရှားမှုများကို တင်းကျပ် စွာကန့်သတ်ခဲ့သဖြင့်   COVID-19  ရောဂါကိုအချိန်တိုအတွင်း   ထိန်းချုပ်နိုင်ခဲ့သည်။  အထူးသ ဖြင့် ပြည်သူများသည် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များကို တိကျစွာလိုက်နာခဲ့သဖြင့် ရောဂါထိန်းချုပ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီ အနေဖြင့် ရောဂါကူးစက်မှုနှုန်းမြင့်တက်နေသည့် နိုင်ငံများနှင့် ရောဂါထိန်းချုပ်နိုင်သည့်နိုင်ငံများမှ ပြည်သူ များ၏အမူအကျင့်တို့ကိုနှိုင်းယှဉ်လေ့လာ၍ သင်ခန်းစာယူသွားသင့်ပေသည်။

ဦးနှောက်ထဲသို့တိုက်ရိုက်ကူးစက်နိုင်အထူးသဖြင့် COVID-19 အတည်ပြုလူနာတချို့တွင်  ခေါင်းကိုက်ခြင်း၊  စိတ်ရှုပ်ထွေးခြင်း၊ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ အဖျားတက်ကာ ကယောင် ကတမ်းဖြစ်ခြင်း စသည့်လက္ခဏာများခံစားရခြင်းသည်  COVID-19  ဗိုင်းရပ်ဦးနှောက်ထဲသို့ တိုက်ရိုက်ဝင်ရောက်လာခြင်းကြောင့်  ဖြစ်ပေါ်လာသည့်ရလဒ်များဖြစ်နိုင်ကြောင်း သုတေသန ပြုချက်များအရသိရသည်။ ထို့ကြောင့် COVID-19 ရောဂါသည်ကူးစက်မှုနှုန်းမြန်ဆန်ခြင်း၊ ရောဂါအခံရှိသူများနှင့်  သက်ကြီးရွယ်အိုများကူးစက်ခံရလျှင် သေဆုံးနိုင်ခြင်းနှင့်ဦးနှောက်ကိုပါ  တိုက်ရိုက်ကူးစက်နိုင်ခြင်းတို့ကြောင့်   အထူးသတိပြုနေထိုင်သွားဖို့လိုအပ်နေပြီဖြစ်သည်။

လိုအပ်မှသာအပြင်ထွက်သင့်

ဆိုရလျှင် မြန်မာအများစုသည် စိတ်အလိုလိုက်လေ့ရှိသည်။ လိုအပ်မှသာ အိမ်ပြင်ထွက်သင့် သည်။ သာဓကအနေဖြင့် ဈေးဝယ်ခြင်းနှင့်  ဆေးရုံ၊ ဆေးခန်းသွားခြင်းတို့ကို ရောဂါ ကာကွယ်ရေးဆိုင်ရာကျန်းမာရေးအစီအမံများနှင့်အညီ လိုက်နာလုပ်ဆောင်သွားသင့်ပေသည်။

အကျိုးရှိစွာဖြတ်သန်းနိုင်

COVID-19 ကာလတွင် ရောဂါပိုးကူးစက်မှုမခံရစေရန်အတွက် အိမ်ထဲ၌နေရင်း အချိန်ကို အကျိုးရှိစွာအသုံးချသွားနိုင်ပါသည်။ သာဓကအနေဖြင့် အိမ်သန့်ရှင်းရေးလုပ်ခြင်း၊ ခြံသန့်ရှင်း ရေးလုပ်ခြင်း၊ စာဖတ်ခြင်း၊ စာရေးခြင်း၊ တရားထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း တစ်ခုခုလုပ်ခြင်းစသည့်အကျိုးရှိသောအလုပ်များဖြင့် ဖြတ်သန်းနိုင်ပါသည်။ အိမ်ထဲမှာ နေထိုင်ခြင်းသည် ရောဂါပိုးကူးစက်ခံရနိုင်ခြေနည်းသည့်အပြင် ငွေကြေးအကုန်အကျ သက်သာ ခြင်း၊ စိတ်အနှောင့်အယှက်မဖြစ်ခြင်း၊ မိသားစုများကိုအချိန်ပေးနိုင်ခြင်း၊ သူငယ်ချင်းများနှင့် အပြန်အလှန်ဖုန်းပြောဆိုနိုင်ခြင်း၊    မက်ဆေ့ပေးပို့နိုင်ခြင်း၊ ဆွေးနွေးနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများစွာရရှိနိုင်ပါသည်။

အထူးသတိပြုနေထိုင်သွားစေလို

မည်သို့ပင်ဆိုစေ COVID-19  ရောဂါဆိုးကြီးသည် ကမ္ဘာ့နိုင်ငံများကို ဆက်လက်ခြိမ်းခြောက် လျက်ရှိသလို မြန်မာနိုင်ငံတွင်လည်း ကူးစက်မှုနှုန်းမြင့်တက်လျက်ရှိသည်။ ထို့ကြောင့် ပြည်သူ များအနေဖြင့်  ပေါ့ပေါ့ဆဆနေထိုင်သွားလာသည့် အပြုအမူများကို ပြုပြင်သွားသင့်ပေသည်။  အထူးသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်များဖြစ်သည့်   လက်မှန် မှန် ဆေးကြောခြင်း၊ အပြင်ထွက်လျှင်   နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူစုလူဝေးများ ရှောင်ရှားခြင်း၊  တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ခြင်း၊ ကိုယ်ခံအားစနစ်ကောင်းမွန်ရေးအတွက် အာဟာရပြည့်ဝစွာ စားသုံးခြင်းနှင့် အိပ်ရေးဝအောင်အိပ်စက်ခြင်း တို့ကို တိကျစွာလိုက်ပါ လုပ် ဆောင်သွားသင့်ပေသည်။ ဆိုရလျှင် လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကူးစက် မှုနှုန်းမြင့်တက်လာပြီး အသေအပျောက်များပါရှိလာသောကြောင့် အရေးကြီးကိစ္စမရှိဘဲ အိမ်ပြင် သို့ထွက်ခြင်း၊ လူစုလူဝေးများသည့်နေရာများသို့ သွားရောက်ခြင်းမှ ရောဂါပိုးကူးစက်ခံရနိုင် ခြေများသဖြင့် ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတစ်ဦး တစ်ယောက်ချင်းစီအနေဖြင့် အထူးသတိပြုနေထိုင်သွားသင့်ပါကြောင်း အကြုံပြုတိုက်တွန်း သွားလိုပါသည်။