သိန်းနီမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  သြဂုတ်  ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ သူရ(ဘ)ဦးမော်စိုင်းဝင်း၏ နေအိမ်ကို  သြဂုတ် ၄ ရက် မွန်းလွဲ၂ နာရီခွဲခန့်တွင် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဝင်ရောက်ရှာဖွေရာ သူရအားတွေ့ရှိခြင်း မရှိဘဲ ၎င်း၏ဇနီးဖြစ်သူ မာကော့(ဘ)ဦးရီဟွာကို နေအိမ်အိပ်ခန်းအတွင်း၌ Type-81 အမျိုးအစား သေနတ်တစ်လက်၊ ကျည်ခုနစ်တောင့်၊ ကျည်အိမ်တစ်ခု၊ ICE ၂ ကီလိုဂရမ်၊  ဘိန်းစိမ်း ၁ ဒသမ ၆ ကီလိုဂရမ်ခန့် (မူးယစ်ဆေးဝါးခန့်မှန်း တန်ဖိုးငွေကျပ်သိန်း ၄၀၀ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါလက်နက်၊ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား သိန်းနီမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ၍  လုပ်ထုံးလုပ်နည်း နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။