ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့် တိုက်စစ်မှူး ဒိုင်ဘာလာကို လီဗာပူးအသင်း ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်နေ

လီဗာပူးအသင်းသည်  ယခုဘောလုံးရာသီကုန်လျှင် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် တိုက်စစ်မှူး ဒိုင်ဘာလာကို လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန်  ချိတ်ဆက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် ဒိုင်ဘာလာသည် ယခုဘောလုံးရာသီအကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်ပြီး အစောပိုင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိထားပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိတွင် ဂျူဗင်တပ်စ် အသင်းသည် စာရွက်စာတမ်းအတု ပြုလုပ်ခဲ့သောအမှုနှင့် ရင်ဆိုင်နေရခြင်းကြောင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် မဖြစ်နိုင်တော့သည့် အခြေအနေနှင့် တွေ့ကြုံနေရခြင်း ဖြစ်သည်။

လက်ရှိတွင် လီဗာပူးအသင်းက အသင်းတိုက်စစ်ပိုင်းတွင် ဆာလက်ချ်၊ မာနေး၊ ဖာမင်နိုနှင့် ဂျိုတာတို့ရှိ နေသော်လည်း လာမည့် ဇန်နဝါရီလနှင့်ဖေဖော်ဝါရီ လတို့တွင် အဓိက  တိုက်စစ်ကစားသမားနှစ်ဦးဖြစ် သည့် ဆာလက်ချ်နှင့် မာနေးတို့ကို အာဖရိကဖလား ပြိုင်ပွဲအတွက် စေလွှတ်ရမည်ဖြစ်သောကြောင့် အဆိုပါ ကာလအတွင်း အသင်းတိုက်စစ်ပိုင်းအနေဖြင့် ရုန်းကန် ရဖွယ်ရှိနေသည့်အတွက် တိုက်စစ်ပိုင်းကို အင်အားဖြည့် တင်းလိုခြင်းဖြစ်သည်။

လီဗာပူးအသင်းက တခြားကစားသမားများထက် ဒိုင်ဘာလာကို ခေါ်ယူမည် ဆိုပါက   ပြောင်းရွှေ့ကြေး အနည်းငယ်သာ ပေးချေရမည် ဖြစ်သည့်အတွက် ခေါ်ယူလိုခြင်း ဖြစ်ကြောင်း သိရသည်။        

Ref;90Min