အမေရိကန်ပြည်နယ်များ၌ လေဆင်နှာမောင်းတိုက်ခတ် လူအယောက် ၁၀၀ အထိ သေဆုံးနိုင်ဖွယ်ရှိ

အမေရိကန်နိုင်ငံရှိ  ပြည်နယ်အများအပြား၌  လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် လူအယောက် ၁၀၀ အထိသေဆုံး နိုင်ဖွယ်ရှိကြောင်းနှင့် ကီလိုမီတာ ၃၂၀ ကျော်ရှည်သော လမ်းကြောင်းတစ်လျှောက် ရှိ နေအိမ်များ ပျက်စီးသွားကြောင်း တာဝန် ရှိသူများက  ဒီဇင်ဘာ  ၁၁  ရက်တွင်ပြောသည်။

အထူးသဖြင့် ကန်တက်ကီပြည်နယ်၌ ပြီးခဲ့သည့်ညတွင် အဖျက်စွမ်းအားပြင်း လေဆင်နှာမောင်း လေးလုံးတိုက်ခတ်ရာ စီရင်စု ၁၂ ခုကျော်၌  ပျက်စီးဆုံးရှုံးမှု များစွာ ဖြစ်ပွားသည်။

ပင်မလေဆင်နှာမောင်းသည် ပြည်နယ် အတွင်း ၃၆၅ ကီလိုမီတာကျော်သည်အထိ မွှေနှောက်တိုက်ခတ်ကြောင်း ကန်တက်ကီ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒီဘက်ရှီး ယားကပြောသည်။

ထို့ပြင်  အဆိုပါလေဆင်နှာမောင်းများ တိုက်ခတ်မှုကြောင့်  လက်ရှိအချိန်အထိ သေဆုံးသူအရေအတွက်သည် အယောက် ၅၀ ကျော်လွန်သည့်အတွက် သေဆုံးသူ စုစုပေါင်း အယောက် ၁၀၀ အထိရှိနိုင် ကြောင်း ၎င်းင်းက ဒီဇင်ဘာ ၁၁ ရက်နံနက် အစောပိုင်းတွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။

ကန်တက်ကီပြည်နယ်အတွင်းမှာမှ  မေဖီး မြို့သည် လေဆင်နှာမောင်းတိုက်ခတ်မှုဒဏ်ကို       အဆိုးဆုံး ခံစားရခြင်း ဖြစ်သည်။

ယခုအခါ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ် အခြေအနေကြေညာကာ အမျိုးသား အစောင့်တပ်ဖွဲ့ဝင်များကို ရပ်ကွက်များအတွင်း စေလွှတ်ဖြန့်ကြက်ထားကြောင်း သိရသည်။                        

Ref: TST