ဘာစီလိုနာအသင်းမှ လူငယ်ကစားသမား ဂါဗီကို စာချုပ်လျော်ကြေး စတာလင်ပေါင် ၄၃ သန်းပေးချေပြီး ခေါ်ယူရန် လီဗာပူးအသင်းပြင်ဆင်နေ

ဘာစီလိုနာအသင်းမှ လူငယ်ကစားသမား ဂါဗီကို စာချုပ်လျော်ကြေး စတာလင်ပေါင် ၄၃ သန်းပေးချေပြီး ခေါ်ယူရန် လီဗာပူးအသင်းပြင်ဆင်နေ

လီဗာပူးအသင်းသည် လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ်ပိုင်းကို ရေရှည်အင်အားဖြည့်တင်းသည့် အနေဖြင့် ဘာစီ လိုနာအသင်းမှ လူငယ်ကစားသမား ဂါဗီကို စာချုပ်လျော်ကြေး  စတာလင်ပေါင်  ၄၃ သန်းပေးချေပြီး ခေါ်ယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၁၇ နှစ်သာရှိသေးသည့် ဂါဗီသည် ယခုဘောလုံးရာသီမှသာ  ဘာစီလိုနာအသင်းနှင့် စတင်ပါဝင်ကစားခဲ့ခြင်း ဖြစ်သော်လည်း အသင်းနှင့်အကောင်းဆုံးခြေစွမ်းပြလျက်ရှိပြီး    အသင်းအဓိက ကွင်းလယ်ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့ကာ ဘာစီလိုနာ အသင်းကစားသမားဟောင်း ဇာဗီ၊ အင်နီယေစတာတို့နှင့် ခိုင်းနှိုင်းခံခဲ့ရသူဖြစ်သည်။

ယခုဘောလုံးရာသီတွင် ဘာစီလိုနာအသင်းနှင့် အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် ဂါဗီကို မန်စီးတီး၊ မန်ယူနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့က စိတ်ဝင်စားမှုများ ရှိနေသည့်အတွက် လီဗာပူးအသင်းက လက်ဦးမှု ရယူ၍ စာချုပ်လျော်ကြေး စတာလင်ပေါင် ၄၃ သန်း ပေးချေပြီး ခေါ်ယူမည်ဖြစ်သည်။

ဂါဗီနှင့် ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်များအရ  ဂါဗီကိုခေါ်ယူလိုသည့် အသင်းများနေဖြင့် စာချုပ်လျော်ကြေး စတာလင်ပေါင် ၄၃ သန်းဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည့်အတွက် လီဗာပူးအသင်းက ကမ်းလှမ်းမှုများ ပြုလုပ်ရန် ပြင်ဆင် နေကြောင်း သိရသည်။