ယခုဘောလုံးရာသီ ကုန်ဆုံးလျှင် ဒေါ့မွန်အသင်းမှ တိုက်စစ်မှူး ဟာလန်း ထွက်ခွာမည်ဖြစ်ကြောင်း အေးဂျင့် ရွိုင်အိုလာ အတည်ပြုပြောကြား

ယခုဘောလုံးရာသီ ကုန်ဆုံးလျှင် ဒေါ့မွန်အသင်းမှ တိုက်စစ်မှူး ဟာလန်း ထွက်ခွာမည်ဖြစ်ကြောင်း အေးဂျင့် ရွိုင်အိုလာ အတည်ပြုပြောကြား

ဒေါ့မွန်အသင်း တိုက်စစ်မှူး ဟာလန်း၏ အေးဂျင့် ရွိုင်အိုလာက ယခုဘောလုံးရာသီ ကုန်ဆုံးလျှင် ဒေါ့မွန်အသင်းမှ တိုက်စစ်မှူး ဟာလန်း ထွက်ခွာမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

အသက် ၂၁ နှစ်အရွယ် ဟာလန်းသည် ၂ဝ၂ဝ ပြည့်နှစ်  ဇန်နဝါရီကစားသမား အပြောင်း အရွှေ့ကာလက ဥရောပထိပ်သီးအသင်းကြီးများ၏ ကမ်းလှမ်းမှုများကို ရရှိခဲ့သော်လည်း  ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့် ၂ဝ၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသော်လည်း   စာချုပ်ပါ အချက်အလက်များအရ  ယခုဘောလုံးရာသီ ကုန်ဆုံးလျှင်အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ရရှိမည်သည်။

ဟာလန်းအနေဖြင့် ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့စဉ် ကတည်းက ၂ဝ၂၂ ခုနှစ် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာလိုပါက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၆၃ သန်းဖြင့် ထွက်ခွာခွင့်ပြုရမည်ဟု အေးဂျင့်ရွိုင်အိုလာက စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုထားသည့်အတွက် ဟာလန်းအနေဖြင့် လာမည့်နွေရာသီ ကစားသမား အပြောင်းအရွှေ့ကာလတွင်  နည်းပါးသည့် ပြောင်းရွှေ့ကြေးဖြင့် အသင်းမှ ထွက်ခွာခွင့်ရရှိမည်ဖြစ်သည်။

ဟာလန်းကို    ပြီးခဲ့သည့် ကစားသမား အပြောင်းအရွှေ့ ကာလက ချယ်လ်ဆီးအသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၂ဝ အထိပေးချေပြီး ကမ်းလှမ်းခဲ့သော်လည်း ဒေါ့မွန်အသင်းက ပယ်ဖျက်ခဲ့ဖူးသဖြင့်   ယခုအခါ   နည်းပါးသည့် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် လက်လွှတ်ရမည်ဖြစ်သည်။

ဟာလန်းကို အစောပိုင်းကတည်းက ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့်   ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ် အသင်းတို့နှင့်အတူ ပရီးမီးယားလိဂ်ထိပ်သီး အသင်းများဖြစ်သော မန်စီးတီးနှင့်  မန်ယူအသင်းတို့ကလည်း  အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အေးဂျင့်ရွိုင်အိုလာက  ''ဟာလန်းရဲ့အနာဂတ် အစီအစဉ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်ပြီးသားပါ။သူ ဥရောပထိပ်သီးကလပ် အသင်းတစ်သင်းကို ပြောင်းရွှေ့ ကစားပါလိမ့်မယ်။   သူ့ကိုခေါ်ယူလိုတဲ့ အသင်းအနေနဲ့ ဆုဖလားတွေရရှိတဲ့ အသင်းတစ်

သင်းဖြစ်ဖို့တော့ လိုအပ်ပါတယ်။ အခုချိန်က ဟာလန်းအတွက် အကောင်းဆုံး အချိန်ရောက်နေပါပြီ။ ဘယ်အချိန် ဒေါ့မွန်အသင်းက ထွက်ခွာမလဲဆိုတော့ လာမယ့်နွေရာသီ  ကစားသမား အပြောင်းအရွှေ့ကာလမှာ ထွက်ခွာဖြစ်ပါလိမ့်မယ်။ သူ ပရီးမီးယားလိဂ်မှာ ကစားချင်တယ်ဆိုရင်တော့  နောက်ပိုင်းနှစ်တွေမှာ ဆုဖလားတွေ ရရှိတဲ့ မန်စီးတီးအသင်းကတော့ သင့်တော်တဲ့ အသင်းတစ်သင်းပါ''ဟု ပြောသည်။