ကိုဗစ်စည်းကမ်း ချိုးဖောက်သည့် ဗြိတိန်ဝန်ကြီးချုပ် စစ်ဆေးမေးမြန်းခံရ

ကိုဗစ်စည်းကမ်း ချိုးဖောက်သည့် ဗြိတိန်ဝန်ကြီးချုပ် စစ်ဆေးမေးမြန်းခံရ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ပြီးခဲ့သည့်နှစ် ခရစ္စမတ်ပွဲတော် တစ်ခုတွင် ပွဲတက်သည့်ဓာတ်ပုံများ ထွက်ပေါ်လာပြီးနောက် အစိုးရက ချမှတ်ထားသော ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းများ ချိုးဖောက်သည်ဟု စွပ်စွဲခံရပြီး ဒီဇင်ဘာ ၁၂ ရက်တွင် စစ်ဆေးမေးမြန်း ခံနေရကြောင်း သိရသည်။

ဘောရစ်ဂျွန်ဆင်သည် ၂ဝ၂ဝ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်တွင် ဒေါင်းနင်းလမ်းရှိ ခရစ္စမတ်ပွဲတော်ကို တက်ရောက်ခြင်း မရှိကြောင်း အခိုင်အမာ ပြောဆိုထားသော်လည်း ထိုကိစ္စနှင့် ပတ်သက်၍  အဆက်မပြတ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

၎င်းအနေဖြင့် အစိုးရကချမှတ်ထားသော ကိုဗစ်စည်းကမ်းများကို လေးစားလိုက်နာပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်ရန် ယင်းနေရာသို့ သွားရောက်ခြင်းဖြစ်သည်ဟု ဂျွန်ဆင်က အခိုင်အမာပြောသည်။

သို့သော် ဘောရစ်ဂျွန်ဆင်သည် ထိုပါတီပွဲတွင် သုံးရက်ကြာသည်အထိ ရှိနေကြောင်း ဓာတ်ပုံများနှင့်တကွ  Sunday Mirror သတင်းစာက ဖော်ပြထားကြောင်း   သိရသည်။