ယနေ့ဓာတ်ခွဲအဖြေများ၌ ပိုးတွေ့လူနာသစ် ၂၈ဝ ဦးတွေ့ရှိ

ယနေ့ဓာတ်ခွဲအဖြေများ၌ ပိုးတွေ့လူနာသစ် ၂၈ဝ ဦးတွေ့ရှိ

နေပြည်တော်  ဒီဇင်ဘာ  ၁၂

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲ အတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၁-၁၂-၂ဝ၂၁ ရက် ည ၈ နာရီမှ ၁၂-၁၂-၂ဝ၂၁ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၃၇ ခုအား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၈ဝ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၄၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၇၉၄ဝ၂၆ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ  ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း  ၅၂၆၆၆၁  ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၄၄၁ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅ဝ၃၁ဝ၇ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ခြောက်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၁၈၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။