တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြုလုပ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် ပြုလုပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၈
    
တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ (၄၈)နှစ်မြောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်း အမှတ် အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ၏ စစ်ရေးစွမ်းရည်ပြိုင်ပွဲ ဆုများ၊ အားကစားပြိုင်ပွဲဆုများနှင့် သင်တန်းထူးချွန် ဆုများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊  အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်သည်။
    
ဦးစွာ တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းက နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများအလိုက် ဆုရရှိကြသူများ၊ လက်နက်ငယ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ယုံကြည်မှုကွင်းပြိုင်ပွဲ၊ စစ်သည်တော်ကျင့်ဝတ်ပြိုင်ပွဲများနှင့် စိုက်ပျိုးမွေးမြူရေးပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများအသီးသီးပေးအပ်ကြသည်။
    
ဆက်လက်၍ တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်ကံစမ်းမဲဖောက်ခြင်းကို ပြုလုပ်ရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကွန်ပျူတာစနစ်ဖြင့် မဲဖောက်ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆုများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။