မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနေ ရွာသားတစ်ဦး တိုက်မိုင်းဟောင်းတစ်လုံးအား တိုက်မိပေါက်ကွဲ၍ မိုင်းစထိမှန် ဒဏ်ရာများ ရရှိ

နေပြည်တော်   သြဂုတ်   ၅

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာနေ ဦးလဒီး (ဘ) ဦးမွှေပုဆန်း အပါအဝင် ရွာသား ၁၁ ဦးတို့သည် သြဂုတ် ၄  ရက်တွင်  တောအတွင်းသစ်ခေါက်ရှာဖွေရန်အတွက် သွားရောက်ခဲ့ရာ ညနေ ၄ နာရီခန့်တွင်   ကျေးရွာ၏ အနောက်မြောက်ဘက်  မီတာ ၉၅၀၀ ခန့်အကွာသို့ အရောက်၌ ဦးလဒီးမှာ သောင်းကျန်းသူများ ထောင်ထားသည့်   တိုက်မိုင်းဟောင်းတစ်လုံးအား    တိုက်မိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင်    မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာအား နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးကုသမှုများ ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။