မိုင်းတုံမြို့နယ်၊ ဘုန်မိုင်ကျေးရွာနှင့် နောင်ပါလန်းကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

မိုင်းတုံမြို့နယ်၊ ဘုန်မိုင်ကျေးရွာနှင့် နောင်ပါလန်းကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ စက်တင်ဘာ- ၁၈
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၊ ဘုန်မိုင်ကျေးရွာနှင့် နောင်ပါလန်းကျေးရွာများရှိ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် UWSA (ဝ)တပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၁၇ ရက်နှင့် ယနေ့တွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
    
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဒေသခံတိုင်းရင်းသားပြည်သူ များနှင့် UWSA  (ဝ)တပ်ဖွဲ့ဝင် စုစုပေါင်း ၁၁၁၉ ဦးတို့ကို အပူချိန်တိုင်းတာပေးခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက် ပေးသည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို မိုင်းတုံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ ဆေးလာရောက် ကုသသူများအား စားသောက်ဖွယ်ရာများနှင့် နှာခေါင်းစည်း ဦ Mask များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။