ဆောင်းသီးနှံ နေကြာဆီနှင့်ကျန်းမာရေး

ဆောင်းသီးနှံ နေကြာဆီနှင့်ကျန်းမာရေး

ထူးခြားတဲ့ နေကြာပန်း

နေကြာပင်၏ သိပ္ပံအမည်မှာ  Helian thus annus ဖြစ်ပြီး    နေကြာစေ့ကို အင်္ဂလိပ်လို  Sun Flower Seeds ဟုခေါ်ပါသည်။ နေကြာ ပင်၏ ထူးခြားချက်မှာ ရေသောက်မြစ်ရှည်လျားပြီး အမြစ်အုံဖွဲ့စည်းပုံ အလွန်ကောင်းသောကြောင့် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိသည်။ နေကြာပန်းဟုခေါ်ဆိုသော်လည်း နေကြာပန်းပွင့်ကလေးများ ပွင့်ရင်းခံပေါ်မှာ စုပြုံတည်နေသော ပန်းခိုင်အုံကြီးဖြစ်ပါသည်။  ၎င်းပန်းအုံကြီးထဲတွင် ပန်းပွင့်နှစ်မျိုးရှိပါသည်။  ဘေးပတ်လည်က   အဝါရောင်တောက်တောက်ပွင့်ချပ်များကို Ray Florets ဟုခေါ်၍ အတွင်းဘက်ပိုင်းတွင် ခရုပတ်သဏ္ဌာန်စီတန်းလျက်ရှိသော ပန်းပွင့်ငယ်ကလေးများကို Disc Florets ဟုခေါ်ပါသည်။ ထိုအပွင့်ငယ် လေးမှာ အဖိုဝတ်မှုန်နှင့် အမဝတ်မှုန် နှစ်မျိုးစီပါရှိသော်လည်း အဖိုဝတ်မှုန်က စော၍ရင့်မှည့်လေ့ရှိပါသည်။ ဖိုမဝတ်မှုန်ရင့်မှည့်ချိန် မတူညီသောကြောင့် ပျားကောင်များ၏ အကူအညီဖြင့် အပင်တစ်ပင်မှ အခြားတစ်ပင်သို့ သဘာဝနည်းအရ ဝတ်မှုန်ကူးပြောင်း လေ့ရှိကြပါသည်။ စီးပွားဖြစ် နေကြာပန်းစိုက်ခင်းများတွင်မူ လူအင်အားဖြင့် ဝတ်မှုန်ကူးယူကြပါသည်။ နေကြာပန်းများ ဝတ်မှုန် ကြွေချိန်ရောက်သည့်အခါ နေကြာရွက်ပေါ်တွင် ဝတ်မှုန်ကိုခံယူ၍ အခြားအပွင့်များ၏ မျက်နှာပြင်ကို အသာ အယာ ပွတ်ပေးခြင်းဖြင့် နေကြာတောင်သူများက ဝတ်မှုန်ကူးပေးကြရပါသည်။ ၎င်းလုပ်ငန်းဆောင်တာကို နံနက် ၇ နာရီမှ ၁၁ နာရီအတွင်း လုပ်ဆောင် ပေးရပါသည်။

နေကြာဆီနှင့်ကျန်းမာရေး

မြန်မာနိုင်ငံမှာ နေကြာစေ့ကို ကြက်သွန်ဖြူဖြင့်လှော်၍ စားသုံးလေ့ရှိကြပြီး တချို့နိုင်ငံတွေမှာ နေကြာစေ့ဖြင့် Pan ကိတ် နှင့် ချောက လက်တို့တွင် ဌာပနာထည့်၍ စားကြပါသည်။ နေကြာစေ့ဆီကြိတ်၍ ဟင်းချက်စားသုံးသော ဓလေ့သည်လည်း ကျန်းမာရေးအတွက် လွန်စွာညီညွတ်မျှတစေပါသည်။

တစ်ခွက်စာပမာဏရှိသော နေကြာစေ့ကို ဆေးသိပ္ပံနည်းအရ ဓာတ်ခွဲစမ်းသပ်ကြည့်ရာ ခွန်အား ၅၈၄ ကယ်လိုရီ၊ ကာဗိုဟိုက်ဒရိတ် ၂၀ ဂရမ်၊ ပရိုတင်း ၂၀ ဒသမ ၇၈ ဂရမ်၊ အဆီဓာတ် ၅၁ ဒသမ ၄၇ ဂရမ်၊ ချေဖျက်လွယ်သော အမျှင်ဓာတ် ၈ ဒသမ ၆ ဂရမ်၊ ပရိုတင်း ၂၀ ဒသမ ၇၈ ဂရမ်၊ ဖောလိပ် ၂၂၇ မိုက်ခရိုဂရမ်၊ နီအာစင်း ၈ ဒသမ ၃၃၅ မီလီဂရမ်၊ ပန်တိုသနစ် အက်စစ် ၁ ဒသမ ၁၃ မီလီဂရမ်၊ ပိုင်ရီဒေါက်ဆင်း ၁ ဒသမ ၃၄၅ မီလီဂရမ်၊ ရီဗိုဖလာဗင် သုည ဒသမ ၃၅၅ မီလီဂရမ်၊ သီအာမင်   ၁ ဒသမ ၄၈ မီလီဂရမ်၊ ဗီတာမင်အေ ၅၀ အိုင်ယူ၊ ဗီတာမင်စီ ၁ ဒသမ ၄ မီလီဂရမ်၊ ဗီတာမင်အီး ၃၅ ဒသမ ၁၇ မီလီဂရမ်၊ ဆိုဒီယမ် ၉ မီလီဂရမ်၊ ပိုတက်စီယမ် ၆၄၅ မီလီဂရမ်၊ ကယ်စီယမ် ၇၈ မီလီဂရမ်၊ ကော့ပါး ၁ ဒသမ ၈ မီလီ ဂရမ်၊ သံဓာတ် ၅ ဒသမ ၂၅ မီလီဂရမ်၊ မဂ္ဂနီစီယမ် ၃၂၅ မီလီဂရမ်၊ မဂ္ဂနီး ၁ ဒသမ ၉၅ မီလီဂရမ်၊ ဖော့စဖရက် ၆၆၀ မီလီဂရမ်၊ စီလီနီယမ် ၅၃ မိုက်ခရိုဂရမ်၊ ဇင့် ၅ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၃၀ မိုက်ခရိုဂရမ်တို့  အသီးသီးပါရှိနေကြပြီး လူကို ဘေးဖြစ်စေတတ်သော ကိုလက်စထရောလုံးဝမပါရှိပေ။

နေကြာစေ့ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • နေကြာဆီထဲမှာပါရှိသော ဗီတာမင်အီးက ဦးရေပြားပေါ်ရှိ သွေးကြောများ လည်ပတ်စီးဆင်းမှုကို ကောင်းစွာ အထောက် အပံ့ဖြစ်စေပြီး   ဆံပင်အရှည်မြန်စေနိုင်ပါသည်။
  • နေကြာဆီသည် ဖောလစ်အက်စစ်ကြွယ်ဝသော ဆေးဖက်ဝင်ဆီ အမျိုးအစားဖြစ်ပါသည်။ ဖောလစ်အက်စစ် ခေါ် ဗီတာမင် ဘီ-၉ က အာရုံကြောစနစ်နှင့် အစ်ရီနယ်ဂလင်းတို့အတွက် မရှိမဖြစ် အာဟာရဓာတ်ဖြစ်ပြီး ခန္ဓာကိုယ်ထဲမှာ   ဆဲလ်အသစ် များဖြစ်ပေါ်စေရန် အထောက်အကူပြုပါသည်။
  • ကိုယ်ဝန်ဆောင်မိခင်နှင့် သန္ဓေသားတို့ အတွက် ဖောလစ်ဓာတ်မချို့တဲ့စေရန် နှင့် ကလေးအသေ သို့မဟုတ် ပေါင်ချိန် မပြည့်သော ကလေးမွေးဖွားခြင်းတို့မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိခင်လောင်းများက နေကြာဆီ စားပေးသင့်ပါသည်။ နေကြာဆီသည် သန္ဓေသားလောင်းအတွက် DNA ထုတ်လုပ်ပေးနိုင်သဖြင့် သန္ဓေသား၏ မျက်နှာ၊ အသည်း၊ နောက်ဘက် ကျောရိုးမကြီးနှင့်   ဦးနှောက်တို့ကို   ဖွံ့ဖြိုးလာအောင် ကူညီထောက်ပံ့ပေးနိုင်ပါသည်။
  • နေကြာဆီထဲတွင်ပါရှိသော lingams ဓာတ်က ကင်ဆာအဖုအကျိတ်များ ကြီးထွားလာမှုကို ကြန့်ကြာနှေးကွေး စေပါသည်။
  • ဦးနှောက် မှတ်ဉာဏ်အား ကောင်းစေရန်၊ အာရုံကြောများ အားကောင်းစေရန်၊ အနီရောင်ဆဲလ်များ ကောင်းစွာ ထုတ်လုပ်နိုင်ရန်နှင့် အရေပြားရောဂါ အမျိုးမျိုးတို့အတွက် ဗီတာမင်ဘီ-၆ က မရှိမဖြစ်ပါ။ နေကြာဆီထဲတွင် ဗီတာမင်ဘီ-၆ ကို လုံလောက်စွာ ရရှိနိုင်ပါသည်။ ဦးခေါင်းတစ်ခြမ်းကိုက်ခဲသူများအတွက်လည်း နေကြာဆီ စားပေးသင့်ပါသည်။
  • ကာဗိုဟိုက်ဒရိတ်ဆိုသည်မှာ လူသားတို့အတွက် မရှိမဖြစ်လိုအပ်နေသော အာဟာရများဖြစ်ကြသည့် အမျှင်ဓာတ်၊ ပရိုတင်း ဓာတ်၊ ကျန်းမာသော အဆီဓာတ်များ၊ ဗီတာမင်နှင့် သတ္တုဓာတ်များ အစုအဝေးဖြစ်ပါသည်။ နေကြာဆီမှ ၎င်းကာဗို ဟိုက်ဒရိတ်ကို ရရှိနိုင်ပါသည်။
  • နေကြာဆီထဲတွင် သစ်ပင်မှရရှိနိုင်သော သဘာဝအဆီဓာတ် အပြည့်အဝပါရှိနေပြီး ၎င်းအဆီဓာတ်က ကျန်းမာရေးအတွက်  လွန်စွာအရေးပါသော မပြည့်ဝဆီဖြစ်ပါသည်။ ခန္ဓာကိုယ်ကို  ဘေးဥပဒ်လုံးဝမဖြစ်စေသော HDL ကိုလက်စထရောများကို  ပေးစွမ်းပြီး ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေသော LDL ကိုလက်စထရော လျော့ကျစေပါသည်။
  • ဦးရေပြားခြောက်သွေ့ဗောက်ထခြင်းက ခန္ဓာကိုယ်ထဲမှာ ဇင့်(သွပ်)ဓာတ်ချို့တဲ့နေခြင်း လက္ခဏာဖြစ်ပါသည်။ ဇင့်ဓာတ် အားကောင်းစေမည့်   နေကြာဆီကို စားပေးခြင်းဖြင့် အရေပြားကို စိုပြည်စေနိုင်ပါသည်။
  • အယ်လ်ဇိုင်းမားဖြစ်ခြင်းမှ ကာကွယ်ရန် နှင့်    ဦးနှောက်နှင့်ပတ်သက်သော ကင်ဆာရောဂါများမှ ကင်းဝေးစေရန်တို့အတွက်   ဖောလစ်အက်စစ် ခေါ် ဗီတာမင်ဘီ-၉ ကြွယ်ဝသော နေကြာဆီကို စားပေးသင့်ပါသည်။
  • ဗီတာမင်အီးကြွယ်ဝသည့် နေကြာစေ့နှင့် နေကြာဆီတို့သည် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များကို ကျန်းမာကြံ့ခိုင်စေပါသည်။ အထူးသဖြင့် အစာအိမ်၊ အူမကြီး၊ အဆုတ်၊ အသည်း၊ သားအိမ်ခေါင်း စသည့် ကင်ဆာဝေဒနာရှင်များအနေဖြင့် ၎င်းဗီတာမင် အီးကြွယ်ဝသည့် နေကြာစေ့လှော်နှင့် နေကြာဆီတို့ကို စားပေးသင့်ပါသည်။
  • အနာကြီးရောဂါသည်များအတွက် ဗီတာမင်အီးကြွယ်ဝသော နေကြာဆီက ကောင်းမွန်သော ဓာတ်စာဖြစ်ပါသည်။
  • နေကြာဆီတွင်ပါရှိသော ဗီတာမင်အီးဓာတ်က မျက်စိကိုအားကောင်းစေပြီး ဗီတာမင်အေဓာတ်က မျက်စိအတွင်း တိမ်ရော ဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်။
  • ကြွက်သားများ ကြီးထွားရန်အတွက် ပရိုတင်းဓာတ် လိုအပ်ပါသည်။ နေကြာဆီစားပေးခြင်းဖြင့် ပရိုတင်းဓာတ် ရရှိစေနိုင် ပါသည်။ 
  • သက်သတ်လွတ် စားသုံးသူများအတွက် အထူးသတိထားရန်မှာ အနီရောင် ခြေလေးချောင်းသားတွေ ရှောင်ခြင်းကြောင့် ပရိုတင်းအာဟာရချို့တဲ့လာနိုင်ပါသည်။   ပရိုတင်းဓာတ်ကြွယ်ဝသော နေကြာဆီကိုစားပေးသင့်ပါသည်။
  • နေကြာဆီထဲရှိ စီလီနီယမ်သတ္တုဓာတ်က စိတ်တိုစိတ်ဆတ်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်စောခြင်း၊ စိတ်ဖိစီးမှုများခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ အမျိုးမျိုးကို ဖြေလျှော့ပေးနိုင်ပါသည်။
  • ဗီတာမင်အီးနှင့် ဗီတာမင်စီတို့ အရင်းအမြစ်စုဝေးရာ နေကြာဆီက ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးနိုင်သော ဖရီးရယ်ဒီ ကယ်များ၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးကာ နှလုံးသွေးကြောပိတ်ဆို့ခြင်းနှင့် နှလုံးရောဂါနှင့်ဆက်နွှယ်နေသော လေဖြတ်ခြင်း တို့မှလည်း ကာကွယ်ပေးပါသည်။
  • အစာမကြေရောဂါနှင့် ဝမ်းသွားခြင်းတို့အတွက် နေကြာဆီကို စားပွဲတင်ဇွန်း တစ်ဇွန်းခန့် သောက်ပေးပါ။
  • နေကြာဆီထဲရှိ ဗီတာမင်အီး၊ စီလီနီယမ် နှင့် ကော့ပါးဓာတ်တွေက ခန္ဓာကိုယ်အတွက်   ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ကောင်းကျိုးသက်ရောက်စေသဖြင့် ကင်ဆာဆဲလ်များကြီးထွားမှုကို ဟန့်တားကာကွယ်ပေးနိုင်ပါသည်။ အထူးသဖြင့် အူမကြီး ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အရေပြားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာနှင့်     ရင်သားကင်ဆာတို့အတွက် နေကြာဆီက ကောင်းကျိုးပြုပါသည်။
  • မဂ္ဂနီစီယမ်ကြွယ်ဝသည့် နေကြာဆီကို စားပေးခြင်းဖြင့် အရိုးများကြံ့ခိုင်သန်မာစေပါသည်။
  • နေကြာဆီထဲရှိ စွမ်းအားပြည့် ပိုတက်စီယမ်ဓာတ်က သွေးဖိအားကို လျော့ကျစေ၍ သွေးတိုးရောဂါရှိသူများ နေကြာဆီကို ဟင်းချက်စားသင့်ပါသည်။
  • ပန်းနာရင်ကျပ်ရှိသူများ၊ အဆစ်အမျက် ရောင်ရမ်းနာရှိသူများ၊ အရိုးပွရောဂါရှိသူများအတွက် နေကြာဆီက ဓာတ်စာ ဖြစ်ပါသည်။
  • ဆီးချို၊ သွေးချိုရောဂါသည်များ နေကြာဆီ စားပေးပါ။
  • နေကြာဆီစားသုံးပေးခြင်းဖြင့် အဆုတ်လမ်းကြောင်း ပိတ်ဆို့မှုရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။
  • သီအာမင်နှင့် ဇင့်ဓာတ်တို့ ပေါကြွယ်ဝသည့် နေကြာဆီကို ဟင်းချက်စားသုံးပေးခြင်းဖြင့် ကိုယ်ခံစွမ်းအားတိုးတက် မြင့်မား လာစေနိုင်ပါသည်။
  • အသားအရေ ဝင်းပလိုသူများ၊ ဝက်ခြံပေါက်သူများ၊ ခရမ်းလွန်ရောင်ခြည်ဒဏ်သင့်၍ အရေပြားပျက်စီးသူများ၊ အရွယ်တင် လှပလိုသူများ၊ အသားအရေ မစိုမပြည်ခြောက်သွေ့သူများ၊ ဆံပင်ကျွတ်သူများက နေကြာစေ့လှော်စားပါ။ နေကြာဆီဖြင့်   ဟင်းချက်စားပါ။ နေကြာဆီလိမ်းပေးနိုင်ပါသည်။
  • အရွယ်မတိုင်မီ ဆံပင်ဖြူခြင်းမှ ကင်းဝေးအောင်လည်း နေကြာဆီက ကြိုတင်ကာကွယ်ပေးနိုင်ပါသည်။   ။

ပေါက်ပေါက်