ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၆၁၅၅ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့ လူနာသစ် ၃၆၃ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု  ၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၆၁၅၅ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့ လူနာသစ် ၃၆၃ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု  ၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၁၄

  ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၃-၁၂-၂ဝ၂၁ ရက် ည ၈ နာရီမှ ၁၄-၁၂-၂ဝ၂၁ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၆၁၅၅ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၃၆၃ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅၈၂၅၃၈၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၅၂၇၂၇၄ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၃၅၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅ဝ၃၇၉ဝ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ငါးဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၁၉၃ ဦးရှိကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနက   သတင်းထုတ်ပြန်ထားသည်။