AA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်စစ်ရေယာဉ်များအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ချောင်းမြောင်းနှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

AA အကြမ်းဖက်သောင်းကျန်းသူများက တပ်မတော်စစ်ရေယာဉ်များအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ချောင်းမြောင်းနှောင့်ယှက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊  စက်တင်ဘာ - ၁၈
    
ရခိုင်ပြည်နယ်၊ မေယုမြစ်အတွင်း ရသေ့တောင်မြို့နယ်နှင့် စစ်တွေမြို့နယ် ပုံမှန် သယ်ယူပို့ဆောင်ရေး ပို့ကြိုဆောင်ရွက်လျက်ရှိသော တပ်မတော် စစ်ရေယာဉ် ၃ စီးအား စက်တင်ဘာ ၁၅ ရက် ညနေ ၅ နာရီခန့်တွင် ရွှေလောင်းတင် ကျေးရွာအနီးတွင်လည်းကောင်း၊ စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခန့်တွင် ရွှေလောင်းတင် တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာမှလည်းကောင်း၊ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်  ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်စစ်ရေယာဉ်များပေါ်တွင် လိုက်ပါလာသည့် တပ်မတော်သားများက ပြန်လည်ပစ်ခတ်ရာမှ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်သားတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
    
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပုံမှန်သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ရေယာဉ်များအား ကျေးရွာများကို အကာအကွယ်ပြု၍  မကြာခဏနှောင့်ယှက်ပစ်ခတ်လေ့ရှိပြီး ယခုနှစ်ဇွန်လမှစ၍ ယခုအချိန်အထိ မေယုမြစ်အတွင်း နှောင့်ယှက်ပစ်ခတ်မှု ၁၄ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။