မှော်ဘီမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာတွင် ပါတီဆိုင်းဘုတ်များ စိုက်ထူမှုအပေါ် ကော်မရှင်သို့အကြောင်းကြားစာပေးပို့

မှော်ဘီမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာတွင် ပါတီဆိုင်းဘုတ်များ စိုက်ထူမှုအပေါ် ကော်မရှင်သို့အကြောင်းကြားစာပေးပို့

နေပြည်တော်၊  စက်တင်ဘာ - ၁၈
    
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ နယ်မြေခံတပ်ရင်းရှေ့မျက်နှာစာ  တပ်ရင်းဂိတ်အုတ်တံတိုင်းနှင့် ပေ ၂၀၀ ခန့်အကွာ ရန်ကုန်-ပြည် ကားလမ်းဘေး ကားမှတ်တိုင်အနီး၌ စက်တင်ဘာ ၁၃ ရက်တွင် NLD ပါတီနှင့် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီတို့မှ လည်းကောင်း၊ စက်တင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလည်းကောင်း ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီဆိုင်းဘုတ်များအား အသီးသီးလာရောက် စိုက်ထူခဲ့သည်။
    
ထို့ကြောင့် စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းတွင် တပ်မှတာဝန်ရှိသူတို့က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ ဆိုင်းဘုတ်များတပ်မျက်နှာစာမှ လွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်းစိုက်ထူပေးနိုင်ရန် မေတ္တာရပ်ခံခဲ့ရာ စက်တင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင် ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့မှ ၎င်းတို့၏ပါတီ ဆိုင်းဘုတ်များအား ကားလမ်း၏တစ်ဖက်ခြမ်းနေရာသို့ ပြောင်းရွှေ့စိုက်ထူခဲ့ သော်လည်း NLD ပါတီဆိုင်းဘုတ်မှာ ဆက်လက်စိုက်ထူထားဆဲဖြစ်နေ၍ သက်ဆိုင်ရာ ရပ်ကျေး၊ မြို့နယ်၊ ခရိုင် အဆင့်ဆင့်သို့ တပ်တာဝန်ရှိသူများမှ ထပ်မံအသိပေးအကြောင်းကြားထားကြောင်းသတင်းရရှိသည်။