ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၂ဝဝ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၂၉ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ  ၃၃ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၂ဝဝ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၂၉ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ  ၃၃ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၁၅

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြု လူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  (၁၄-၁၂-၂ဝ၂၁) ရက် ည ၈ နာရီမှ (၁၅-၁၂-၂ဝ၂၁) ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၇၂ဝဝ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၂၉ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၃၃ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၈၄၂၅၈၁ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၅၂၇၅ဝ၃ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၃၈၈ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅ဝ၄၁၇၈ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ လေးဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၁၉၇ ဦးရှိသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည် အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၄-၁၂-၂ဝ၂၁) ရက်အထိ လူဦးရေစုစုပေါင်း ၁၉၂၇၁ဝဝ၉ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီး သူ ၁၃၃၇၉၉၄၅ ဦးနှင့် ပထမအကြိမ်ထိုးနှံ ပြီးစီးသူ ၅၈၉၁ဝ၆၄ ဦးရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ (၁၄-၁၂-၂ဝ၂၁) ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးအကြိမ်ရေ စုစုပေါင်း ၃၂၆၅ဝ၉၅၄ ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း   ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။