ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ COVID-19 ရောဂါစောင့်ကြည့်သူများအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများ ဝယ်ယူအသုံးပြု နိုင်ရန် အလှူငွေများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ COVID-19 ရောဂါစောင့်ကြည့်သူများအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများ ဝယ်ယူအသုံးပြု နိုင်ရန် အလှူငွေများ လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၈
    
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ COVID-19 ရောဂါစောင့်ကြည့်သူများအတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းများ ဝယ်ယူအသုံးပြုနိုင်ရန် အလှူငွေများကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာခန်းမ၌ အလှူရှင်များက လာရောက်ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ အလှူရှင်ဖြစ်သည့် ဗိုလ်မှူးကြီး လှမိုး(အငြိမ်းစား)က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဗိုလ်မှူးကြီး လှမိုး(အငြိမ်းစား)မိသားစုက အလှူငွေကျပ်သိန်း ၃၀ ကို ပေးအပ်လှူဒါန်းရာ တိုင်းမှူး ဗိုလ်မှူးချုပ် ညွန့်ဝင်းဆွေ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သတင်းရရှိသည်။