အက်သလက်တီကိုအသင်းမှ တောင်ပံကစားသမား ထရစ်ပီးယားနှင့် မန်ယူအသင်းမှ မာရှယ်တို့ကို ကစားသမား အချင်းချင်း အလဲအလှယ်ပြုလုပ်ရန် ကမ်းလှမ်း

အက်သလက်တီကိုအသင်းသည် လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းက  ခေါ်ယူလိုသည့်  တောင်ပံကစားသမား  ထရစ်ပီးယားကို မန်ယူအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသော  မာရှယ်နှင့် ကစားသမားအချင်းချင်း အလဲအလှယ်ပြုလုပ်ရန် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မာရှယ်သည်  ယခုဘောလုံးရာသီတွင်  ပွဲထွက်ခွင့်မရရှိဘဲ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင် ကစားနေရသောကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အေးဂျင့်မှတစ်ဆင့် မန်ယူအသင်းထံ လာမည့်

ဇန်နဝါရီ    ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှ ထွက်ခွာခွင့် တောင်းဆိုထားသူ ဖြစ်သည်။

မန်ယူအသင်းသည်    နည်းပြဟောင်းဆိုးလ်ရှား ကိုင်တွယ်စဉ်    ပြီးခဲ့သည့်နွေရာသီ  ကစားသမား အပြောင်းအရွှေ့ ကာလကတည်းက ထရစ်ပီးယားကို ခေါ်ယူရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ပြီး ထရစ်ပီးယား ကိုယ်တိုင်ကလည်း မန်ယူအသင်း၌ ကစားလိုသည့်အတွက် အပြောင်းအရွှေ့ ဖြစ်မြောက်ရန် နီးစပ်ခဲ့သော်လည်း  ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့သောကြောင့်   အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ မာရှယ်ကိုယ်တိုင်က လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင်  အသင်းမှ ထွက်ခွာလိုသဖြင့်   အက်သလက်တီကိုအသင်းက အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်း ရန်အတွက် မာရှယ်ကိုခေါ်ယူရန်   ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။           

Ref;Marca