ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ် အတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော စေတုတ္တရာမြို့နယ် အတွင်းရှိ တောင်သူများအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လှူဒါန်း

နေပြည်တော်၊ စက်တင်ဘာ - ၁၈
    
တပ်မတော်အနေဖြင့် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များနှင့် ကူညီထောက်ပံ့မှုများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ရာသီဥတု ဖောက်ပြန်၍ မိုးခေါင်မှုကြောင့် စိုက်ပျိုးသီးနှံများပျက်စီးဆုံးရှုံးခဲ့သော မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တောင်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ပဲ အမယ် ၄ မျိုး ထောက်ပံ့ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံတောင်သူများထံသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စလင်းတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ပေးအပ်လှူဒါန်းသည်။
    
ဦးစွာ တာဝန်ရှိသူတစ်ဦးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သီးနှံများပျက်စီးခဲ့သည့် စေတုတ္တရာမြို့နယ် အတွင်းရှိ သံဆည်ကျေးရွာနှင့် မြောင်းဦး ကျေးရွာတို့မှ အိမ်ထောင်စု ၆၁၇ စု၊ တောင်သူ ၂၄၆၈ ဦးအတွက် ဆန် ၄၁၁ အိတ် ၁၀ ပြည်၊ ဆီ ၇၄၃ ဒသမ ၆ ပိဿာ၊ ဆား ၆၅၀ ဒသမ ၇ ပိဿာနှင့် ပဲ ၁၁၅ ဒသမ ၃ ပိဿာ တို့ကို ထောက်ပံ့ပေးအပ်ကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများက လက်ခံရယူ ကြပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
    
အဆိုပါ စေတုတ္တရာမြို့နယ်ရှိ ကျေးရွာ ၂ ရွာမှ သီးနှံများပျက်စီးဆုံးရှုံးခဲ့မှုသည် စုစုပေါင်း ၁၃၀၄ ဧက ဖြစ်ကြောင်း သိရှိရသည်။
    
သီးနှံများပျက်စီးဆုံးရှုံးခဲ့သည့် ကျေးရွာများမှ တောင်သူများအား တပ်မတော်က ယခုကဲ့သို့ ပေးအပ်လှူဒါန်းခြင်းအတွက် ဒေသခံတောင်သူများနှင့် ကျေးရွာနေပြည်သူများက အထူးပင်ဝမ်းမြောက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများအား ကျေးဇူးတင်လျက်ရှိကြောင်း သတင်းရရှိသည်။