နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဒီဇင်ဘာ ၁၇
          
၂၀၂၂ ခုနှစ်၊ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ကျင်းပရေး ဗဟိုကော်မတီ တတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ (၇၄) နှစ်မြောက် လွတ်လပ်ရေး နေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ် ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာ စကား ပြောကြားသည်။
          
အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယဝန်ကြီးများနှင့်  တာဝန်ရှိသူများ တက်ရောက်ကြပြီး တာဝန်ရှိဖိတ်ကြားထားသူ များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက် ကြသည်။
            
ဦးစွာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီး ချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း က အဖွင့်အမှာစကား ပြောကြားရာတွင်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အောင်မြင်စွာကျင်းပနိုင်ရေး ပထမအကြိမ်နှင့်  ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေးများ၌ ဆပ်ကော်မတီအလိုက် အသေးစိတ် ဆွေးနွေးဆောင်ရွက်ကြပြီးဖြစ်ကြောင်း၊ ယခုတတိယအကြိမ်ညှိနှိုင်းအစည်း အဝေးတွင်ဆပ်ကော်မတီအလိုက်ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ နောက်ဆုံးဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ရန်ကျန်ရှိမှုများနှင့်  ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ 
          
ထို့နောက်  နိုင်ငံတော်အလံတင်နှင့် နိုင်ငံတော်အလံအလေးပြုပွဲ စစ်ရေးပြ ဆပ်ကော်မတီ၊ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင် ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ဧည့်ခံပွဲနှင့် ညစာစား ပွဲကျင်းပရေးဆပ်ကော်မတီ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ပြန်ကြားရေးဆပ်ကော်မတီ၊ လွတ်လပ်ရေးနေ့ သဝဏ် လွှာပြုစုရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီ၊ အားကစား ပြိုင်ပွဲများ ကျင်းပရေးဆပ်ကော်မတီနှင့် စာရင်းစစ်ဆေးရေး ဆပ်ကော်မတီများမှ ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကော်မတီ များအလိုက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး တင်ပြ ချက်များအပေါ်  (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌက ဖြည့်စွက် မှာကြားသည်။ 
          
ထို့နောက် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ၂၀၂၂ ခုနှစ် ၊ နှစ်သစ်ကာလတွင် ပထမဆုံးအကြိမ်ကျင်းပမည့် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ မင်္ဂလာရှိသည့် အခမ်းအနားဖြစ်ရန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နှစ်သစ် ကာလကို စိတ်သစ်လူသစ်ဖြင့်ကြိုဆိုရင်း လွတ်လပ်ရေးအချုပ် အခြာအာဏာကို တန်ဖိုးထား လေးစားထက်သန်သည့်စိတ် ၊မိမိတို့၏ အချုပ်အခြာ အာဏာကို  မိမိတို့ကိုယ်တိုင် ထိန်းသိမ်းနိုင်စေမည့် စိတ်ဓာတ်များ  ထက်သန်ကိန်းဝပ်နေ စေရန်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းမှာကြားပြီးအစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။