CIES အဖွဲ့အစည်းက တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ထိပ်တန်း ကစားသမားများအား ကျော်ဖြတ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှ အလာဘာကို ရွေးချယ်

CIES အဖွဲ့အစည်းက တစ်နှစ်တာ အကောင်းဆုံး ကစားသမားအဖြစ် ထိပ်တန်း ကစားသမားများအား ကျော်ဖြတ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းမှ အလာဘာကို ရွေးချယ်

    ဘောလုံးအားကစားနည်းနှင့် ပတ်သက်ပြီး သုတေသန ပြုလုပ်ကာ စစ်တမ်းကောက်ယူ ဖော်ပြနေသော နာမည်ကြီး အဖွဲ့အစည်းဖြစ်သည့် CIES က တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် ထိပ်တန်းကစားသမားများအား  ကျော်ဖြတ်ပြီး  ရီးယဲလ်မက်ဒရစ်အသင်း ခံစစ်ကစားသမား အလာဘာကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

CIES သည် တစ်နှစ်တာ အကောင်းဆုံးကစားသမား ကို ရွေးချယ်ရာတွင် ၎င်းတို့အဖွဲ့အစည်း၏ ကိုယ်ပိသတ်မှတ်ချက်စည်းမျဉ်းများနှင့်   ရွေးချယ်ဖော်ပြခဲ့ခြင်းဖြစ်ပြီး  ကစားသမားများ ပါဝင်ကစားနေသည့် ကလပ်အသင်း၏   ကမ္ဘာ့အဆင့်အတန်း၊  ကလပ်အသင်းတွင် ပါဝင်ကစားခွင့်ရရှိခဲ့သည့် ပွဲချိန်၊ အသင်း အပေါ်အကျိုးသက်ရောက်မှု ပေးနိုင်မှုနှင့် အသင်း၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ပေးနိုင်မှု စသည အချက်များဖြင့်  တွက်ချက်ဖော်ပြခဲ့ခြင်း ဖြစ်သည်။

အလာဘာသည်   ပြီးခဲ့သည့် ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ အဓိကခံစစ်ကစားသမားအဖြစ် ပွဲထွက်ခွင့် ရရှိခဲ့သူဖြစ်ကာ အသင်းနှင့်အတူ  ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း  အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သည့်အတွက် CIES ၏ တစ်နှစ်တာ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရခြင်းဖြစ်သည်။

CIES  ၏ ရမှတ်ဖော်ပြမှုများအရ ရီးယဲလ်မက်ဒရစ်အသင်းမှ   အလာဘာသည်  ၁ဝ၈ မှတ်အထိရရှိကာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၎င်း၏နောက်တွင် မန်စီးတီးအသင်းမှ ရူဘင်ဒီယက်စ်က ရမှတ် ၁ဝ၆ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။