တတိယအကြိမ်မြောက် အဖြစ် ကျင်းပမည့် ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှု ပြုလုပ်အပြီးတွင် အင်္ဂလန် ဂျာမနီနှင့် အီတလီအသင်းတို့ တစ်အုပ်စုတည်း ကျရောက်

တတိယအကြိမ်မြောက် အဖြစ် ကျင်းပမည့် ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှု ပြုလုပ်အပြီးတွင် အင်္ဂလန် ဂျာမနီနှင့် အီတလီအသင်းတို့ တစ်အုပ်စုတည်း ကျရောက်

    ဥရောပဘောလုံး အဖွဲ့ချုပ်မှကြီးမှူးပြီး  တတိယ အကြိမ်မြောက်အဖြစ် ကျင်းပမည့် ဥရောပနေးရှင်း လိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှုပြုလုပ်အပြီးတွင်  ဥရောပ ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် အင်္ဂလန်၊ ဂျာမနီနှင့် အီတလီအသင်းတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။

ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲကို အုပ်စုကြီးလေးခု ခွဲပြီး အဆိုပါ အုပ်စုကြီးလေးခုတွင် အုပ်စုကြီး (D) ၌ အုပ်စုငယ်နှစ်ခုသာ ပါဝင်ပြီး တခြားအုပ်စုကြီးသုံးခုအောက်တွင် အုပ်စုငယ်လေးခုဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကာ အုပ်စုပွဲစဉ်များ မဲခွဲအပြီးတွင် အုပ်စုကြီးလေးခုမှ   ထိပ်ဆုံး၌ ရပ်တည်နိုင်မည့်  အသင်းလေးသင်း အနေဖြင့် ဆီမီးဖိုင်နယ်အဆင့်တွင် ကစားရမည်ဖြစ်သည်။

ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲကို   ၂ဝ၁၈-၂ဝ၁၉ဘောလုံးရာသီက   စတင်ကျင်းပခဲ့ကာ  ပထမဆုံးအကြိမ် ကျင်းပသည့်ပြိုင်ပွဲ၌    ပေါ်တူဂီအသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီး ၂ဝ၁၉-၂ဝ၂ဝ ဘောလုံး ရာသီက ကျင်းပနိုင်ခြင်းမရှိဘဲ၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီက ဒုတိယအကြိမ်မြောက်တွင် ပြင်သစ်အသင်းက ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည်။

၂ဝ၂၁-၂ဝ၂၂ ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုမဲခွဲမှုပြုလုပ်အပြီးတွင် အုပ်စုကြီး (A) အောက်မှ အုပ်စု A1 တွင် သြစတြီးယား၊ ခရိုအေးရှား၊ ဒိန်းမတ်၊ ပြင်သစ်၊ အုပ်စု  A2 တွင် ချက်၊ ဆွစ်ဇာလန်၊ ပေါ်တူဂီ၊ စပိန်၊ အုပ်စု A3 တွင် ဟန်ဂေရီ၊ အင်္ဂလန်၊ ဂျာမနီ၊ အီတလီ၊ အုပ်စု A4 တွင် ဝေးလ်၊ ပိုလန်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ အုပ်စုကြီး B အောက်မှ အုပ်စု B1 တွင် အယ်လ်မေးနီးယား၊ အိုင်ယာလန်၊စကော့တလန်၊ ယူကရိန်း၊ အုပ်စု B2 တွင် အိုက်စလန်၊ ရုရှား၊ အစ္စရေး၊ အယ်လ်ဘေးနီးယား၊ အုပ်စု B3 တွင် မွန်တီနီဂရိုး၊ ရိုမေးနီးယား၊ ဖင်လန်၊ ဘော့စနီးယား၊ အုပ်စု B4 တွင် ဆလိုဗေးနီးယား၊ ဆားဘီးယား၊ နော်ဝေ၊ ဆွီဒင်၊ အုပ်စုကြီး (C) အောက်မှ အုပ်စု C1 တွင် ဖာရိုးကျွန်းစု၊ လစ်သူယေးနီးယား၊ လူဇင်ဘတ်၊တူရကီ၊ အုပ်စု C2 တွင် ဆိုက်ပရပ်စ် သို့မဟုတ် အက်စ်တိုးနီးယား၊ ကိုဆိုဗို၊ ဂရိ၊ မြောက်အိုင်ယာလန်၊ အုပ်စု C3 တွင် မော်လ်ဒိုဗာ သို့မဟုတ် ကာဇက်စတန်၊ အဇာဘိုင်ဂျန်၊ ဘီလာရုဇ်၊ ဆလိုဗက်ကီးယား၊ အုပ်စု C4 တွင် ဂျီဘရော်တာ၊ ဂျော်ဂျီယာ၊ မက်ဆီဒိုးနီးယား၊ ဘူလ်ဂေးရီးယား၊ အုပ်စုကြီး (D) အောက်မှ အုပ်စု D1 တွင် ကာဇက်စတန် သို့မဟုတ် မော်လ်ဒိုဗာ၊ လတ်ဗီးယား၊ လက်ချင်းစတိန်း၊ အုပ်စု D2 တွင် ဆမ်မာရီနို၊ ဆိုက်ပရပ်စ် သို့မဟုတ် အက်စ်တိုးနီးယားနှင့် မော်လ်တာအသင်းတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။

ကာဇက်စတန်အသင်းနှင့်    မော်လ်ဒိုဗာအသင်း၊ ဆိုက်ပရပ်စ်အသင်းနှင့် အက်စ်တိုးနီးယား အသင်းတို့ အနေဖြင့် မည်သည့်အုပ်စုတွင် ပါဝင်မည်ကို အတိ အကျဆုံးဖြတ်ရခြင်း မရှိသေးဘဲ မကြာမီပြန်လည် ဆုံးဖြတ်ချက်ချမှတ်ပြီး      ထပ်မံထုတ်ပြန်မည်ဖြစ် ကြောင်း သိရသည်။