ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၇ဝ၈  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၁၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၄၈ ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၇ဝ၈  ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၂၁၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၄၈ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၁၇

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၆-၁၂-၂ဝ၂၁ ရက် ည ၈ နာရီမှ ၁၇-၁၂-၂ဝ၂၁ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၇ဝ၈ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၂၁၇ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၄၈ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅၈၇၂၇ဝ၇ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၇၉၃၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၃၇၄ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅ဝ၄၈၅၆ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ခုနစ်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂ဝ၈ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။