ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၆၈၇ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၇၀ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၂၄ ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၁၈

ယနေ့ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၆၈၇ ခုအားစစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၇၀ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၂၄  ရာခိုင်နှုန်းရှိ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွား အလာကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၇-၁၂-၂၀၂၁ ရက် ည ၈ နာရီမှ ၁၈-၁၂-၂၀၂၁ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၃၆၈၇ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၇၀ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၁ ဒသမ ၂၄ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၈၈၆၃၉၄ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၈၁၀၁ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၂၄၇ ဦးဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း ၅၀၅၁၀၃ ဦး ဆေးရုံမှဆင်းခွင့်ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ငါးဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း ၁၉၂၁၃ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။

(၅၀၀)