၁၉၅၀ ပြည့်နှစ်နောက်ပိုင်း တစ်နှစ်အတွင်း(ပြက္ခဒိန်တစ်ခုအတွင်း) သွင်းဂိုး ၁၀၀ သွင်းယူ နိုင်သည့်ပထမဆုံးအသင်းအဖြစ် အင်တာမီလန်အသင်းစံချိန်တင်

အင်တာမီလန်အသင်းသည်  အီတလီစီးရီးအေ ပြိုင်ပွဲသမိုင်းတစ်လျှောက် ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း တစ်နှစ်အတွင်း(ပြက္ခဒိန်တစ်ခုအတွင်း)    သွင်းဂိုး (၁၀၀)  ပြည့်မြောက်သည့်  ပထမဆုံးအသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

အင်တာမီလန်အသင်းသည် အီတလီစီးရီးအေ (၁၈)အဖြစ်  ကစားသည့်  ဆလာနီတာနာအသင်းကို ၅ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီးနောက် ၂၀၂၁ ခုနှစ် အတွင်း သွင်းဂိုး (၁၀၀) ပြည့်မြောက်သည့်အသင်း အဖြစ် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

အီတလီစီးရီးအေသမိုင်းတစ်လျှောက်တွင် တစ်နှစ် အတွင်း  သွင်းဂိုး ၁၀၀ နှင့်အထက် သွင်းယူသည့် အသင်းများအဖြစ် ၁၉၃၃ ခုနှစ်က ဂျူဗင်တပ်စ် အသင်းက   သွင်းဂိုး  ၁၀၀   အထိသွင်းယူနိုင်ပြီး နောက် သွင်းဂိုး (၁၀၀) ပြည့်မြောက်ခဲ့သည့် ပထမဆုံး အသင်းအဖြစ်စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းပြီးနောက် တိုရီနိုအသင်းက ၁၉၄၇ ခုနှစ်တွင် ၁၁၁ ဂိုး၊ ၁၉၄၈ ခုနှစ်တွင် ၁၁၄ ဂိုးအထိသွင်းယူနိုင်ပြီး   ဒုတိယမြောက်  သွင်းဂိုး ၁၀၀ နှင့်အထက်  နှစ်နှစ်ဆက်သွင်းယူနိုင်ခဲ့သည့် ပထမဆုံးအသင်းအဖြစ်   ထပ်မံစံချိန်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

တိုရီနိုအသင်းပြီးနောက် အေစီမီလန်အသင်းက လည်း ၁၉၄၉ ခုနှစ်တွင် သွင်းဂိုး ၁၀၅ ဂိုးနှင့် ၁၉၅၀ ပြည့်နှစ်တွင် သွင်းဂိုး  ၁၂၀ အထိ  သွင်းယူနိုင်ပြီး ဒုတိယမြောက် သွင်းဂိုး ၁၀၀ နှင့်အထက် နှစ်နှစ်ဆက် သွင်းယူနိုင်ခဲ့သည့်အသင်းအဖြစ်    မှတ်တမ်းဝင်ခဲ့ သည့်အပြင် တစ်နှစ်အတွင်း(ပြက္ခဒိန်တစ်ခု အတွင်း) သွင်းဂိုးအများဆုံးအသင်းအဖြစ်ပါ  လက်ရှိအချိန်ထိ စံချိန်တင်ထားပြီး နှစ်ပေါင်း ၇၁ နှစ်အကြာမှသာ အင်တာမီလန်အသင်းက  စတုတ္ထမြောက်သွင်းဂိုး ၁၀၀  နှင့်အထက်  သွင်းယူနိုင်သည့်အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ကြောင်း သိရသည်။

Ref;Football italia