ချယ်လ်ဆီးအသင်းက တောင်ပံခံစစ်ကစားသမား ဘန်ချီဝဲလ်၏နေရာတွင် အေစီမီလန်အသင်းမှ သီယိုဟာနန်ဒက်နှင့် အစားထိုးရန် ပြင်ဆင်နေ

ချယ်လ်ဆီးအသင်းက လာမည့် ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလတွင် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသည့် အသင်းတောင်ပံခံစစ်ကစားသမား ဘန်ချီဝဲလ်၏နေရာတွင် အေစီမီလန် အသင်းမှ သီယိုဟာနန်ဒက်နှင့်အစားထိုးရန်    ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ်  ဘန်ချီဝဲလ်သည်   ယခုဘောလုံးရာသီတွင် နည်းပြတူချယ်လ်လက်အောက်တွင် အဓိက ကစားသမားအဖြစ်   ခြေစွမ်းပြလျက်ရှိသော် လည်း နိုဝင်ဘာ ၂၄ ရက်က ကစားသည့် ဂျူဗင်တပ်စ် အသင်းနှင့်ပွဲစဉ်တွင်   ဒူးဒဏ်ရာပြင်းထန်စွာရရှိပြီး နောက်    ကာလရှည် အနားယူရမည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

နည်းပြတူချယ်လ်က ဘန်ချီဝဲလ်ဒဏ်ရာရရှိနေချိန် တွင် မားကို့စ်အလွန်ဆိုနှင့်အစားထိုးအသုံးပြုခဲ့သော် လည်း  အလွန်ဆိုအနေဖြင့် ခြေစွမ်းပြကစားနိုင်ခြင်း မရှိဘဲ  လိုအပ်ချက်များရှိနေသည့်အတွက်  အသင်း ဘယ်တောင်ပံ ခံစစ်နေရာအတွက်   ကစားသမားသစ် ရှာဖွေမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

သီယိုဟာနန်ဒက်သည်  ယခုဘောလုံးရာသီတွင် အေစီမီလန်အသင်းနှင့်အတူ အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေသူဖြစ်ပြီး လက်ရှိတွင် တစ်ဂိုးသွင်းယူ ထားနိုင်သည့်အပြင် ဂိုးဖန်တီးမှု ငါးကြိမ် ပြုလုပ်ထားသည့်အတွက် ချယ်လ်ဆီးအသင်းက ခေါ်ယူရန်ပစ်မှတ် ထားနေပြီး အေစီမီလန်အသင်းနှင့် ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသောကြောင့် စတာလင်ပေါင် သန်း  ၅၀ ခန့်အထိ   ပေးချေရဖွယ်ရှိကြောင်း သိရသည်။                     

Ref;Dailymial