အီတလီစီးရီးအေပြိုင်ပွဲ၌ တစ်နှစ်အတွင်း သွင်းဂိုးအများဆုံး ကစားသမားဖြစ်သည့် စီရော်နယ်ဒို၏ စံချိန်ကို ဖီအိုရင်တီးနား အသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ချ် လိုက်မီနိုင်

ဖီအိုရင်တီးနားအသင်းတိုက်စစ်မှူး ဗလာဟိုဗစ်ချ်သည် အီတလီစီးရီးအေပွဲစဉ်အဖြစ် ဖီအိုရင်တီးနား အသင်းနှင့်    ဆက်ဆူအိုလိုအသင်းတို့ကစားသည့် ပွဲစဉ်၌ သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် စီးရီးအေပြိုင်ပွဲ၌  ဂျူဗင်တပ်စ်အသင်း  ကစားသမားဟောင်း စီရော်နယ်ဒို၏  တစ်နှစ်အတွင်း  သွင်းဂိုးအများဆုံး စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၂၁ နှစ်အရွယ် ဗလာဟိုဗစ်ချ်သည် ပြီးခဲ့ သည့်ဘောလုံးရာသီမှစ၍    ဖီအိုရင်တီးနားအသင်း နှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး ဆက်ဆူ အိုလိုအသင်းနှင့်ပွဲစဉ်၌ ပွဲချိန် ၅၁ မိနစ်တွင် သွင်းဂိုး တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ယခုနှစ်အတွင်း စီးရီးအေသွင်းဂိုး ၃၃ ဂိုးအထိ ရှိလာခဲ့ကာ စီးရီးအေပြိုင်ပွဲ၌  စီရော်နယ်ဒိုသွင်းယူသည့် တစ်နှစ်အတွင်း သွင်းဂိုး (ပြက္ခဒိန်တစ်ခုအတွင်း) စံချိန်ကို လိုက်မီနိုင်ခဲ့ခြင်း ဖြစ်သည်။

ဗလာဟိုဗစ်ချ်သည်   ပြီးခဲ့သည့်ဘောလုံးရာသီ ဇန်နဝါရီ ၁ ရက်မှစတင်ပြီး စီးရီးအေပြိုင်ပွဲ၌ သွင်းဂိုး ၁၇   ဂိုးသွင်းယူနိုင်ခဲ့ကာ  ယခုဘောလုံးရာသီတွင် လည်း ဒီဇင်ဘာ  ၁၉ ရက်က ကစားသည့်  ဆက်ဆူ အိုလိုအသင်းနှင့် ပွဲစဉ်အပြီးတွင်  စုစုပေါင်းသွင်းဂိုး ၁၆ ဂိုးအထိရှိလာခဲ့ပြီး  ယခုနှစ် ဇန်နဝါရီ  ၁ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ စုစုပေါင်းသွင်းဂိုး ၃၃ ဂိုး အထိရှိလာခဲ့ကာ တစ်နှစ်အတွင်း စီးရီးအေပြိုင်ပွဲ၌ သွင်းဂိုးအများဆုံးကစားသမားအဖြစ် စီရော်နယ်ဒို နှင့် ပူးတွဲရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ဗလာဟိုဗစ်ချ်သည်     ယခုဘောလုံးရာသီတွင်လည်း စီးရီးအေပွဲစဉ် ၁၈ ပွဲကစားပြီးချိန်တွင် ၁၆ ဂိုးအထိသွင်းယူထားပြီး    သွင်းဂိုးအများဆုံးကစား သမားအဖြစ် ဦးဆောင်နေကာ ဒီဇင်ဘာ ၂၃ ရက် တွင် အီတလီစီးရီးအေပွဲစဉ် (၁၉) အဖြစ်ကစားမည့် ဗီရိုနာအသင်းနှင့်ပွဲစဉ်၌ ဂိုးထပ်မံသွင်းယူနိုင်မည်ဆို ပါက စီရော်နယ်ဒို၏ စီးရီးအေပြိုင်ပွဲ၌ တစ်နှစ်အတွင်း သွင်းဂိုးအများဆုံးစံချိန်ကို ကျော်ဖြတ်ပြီး   စီးရီးအေ ပြိုင်ပွဲ တစ်နှစ်အတွင်း သွင်းဂိုးအများဆုံး ကစားသမား အဖြစ် စံချိန်သစ်တင်နိုင်မည် ဖြစ်သည်။

ဖီအိုရင်တီးနားအသင်းနှင့်အတူ အကောင်းဆုံး  ခြေစွမ်းပြလျက်ရှိသည့် ဗလာဟိုဗစ်ချ်ကို  လာမည့်   ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ ကာလအတွင်း ဥရောပထိပ်တန်း အသင်းကြီးအများစုက    အပြိုင်ခေါ်ယူရန် ချိတ်ဆက်မှုများပြုလုပ်နေပြီး လက်ရှိတွင် ဂျူဗင်တပ်စ်၊   မန်စီးတီးနှင့်   မန်ယူအသင်းတို့က    အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိကာ ဗလာဟိုဗစ်ချ် ကိုယ်တိုင်ကလည်း    ထိပ်တန်းအသင်း တစ်သင်းသို့    ပြောင်းရွှေ့ကစားလိုသည့်အတွက်   အသင်းမှ    တရားဝင်ထွက်ခွာခွင့် တောင်းဆိုထားကြောင်း သိရသည်။

Fotomobo.com