မန်ယူအသင်းက လာမည့်ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင် မာဆေးလ်အသင်းမှ ကာမာရာကို ခေါ်ယူနိုင်ရန် နီးစပ်

မန်ယူအသင်းက လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းသည့်အနေဖြင့် မာဆေးလ်အသင်းနှင့်   အကောင်းဆုံးခြေစွမ်းပြနေသော  ကာမာရာကို ခေါ်ယူရန် နီးစပ်လျက်ရှိကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် ကာမာရာသည်  ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက မာဆေးလ်အသင်းနှင့် ပရော်ဖက် ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ပြီး ကစားသမားဘဝကို စတင် ခဲ့ခြင်းဖြစ်ကာ ပြီးခဲ့သည့်ဘောလုံးရာသီမှစ၍ မာဆေးလ် အသင်းကွင်းလယ်ပိုင်း၌ အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပြီးနောက်  လာမည့်ဇန်နဝါရီ  ကစားသမားအပြောင်းအရွှေ့ကာလတွင် ဥရောပထိပ်တန်း အသင်းကြီးများက အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ရန်  ပြင်ဆင်နေခြင်းဖြစ်သည်။

မန်ယူအသင်းသည်  ယခုဘောလုံးရာသီကုန်ဆုံး လျှင် ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက် လွှတ်ရဖွယ် ရှိနေသောကြောင့် ၎င်း၏နေရာ၌ အစား ထိုးရန် ကစားသမားသစ်ရှာဖွေမှုများပြုလုပ်ခဲ့ရာ လက် ရှိတွင် မန်ယူအသင်းနည်းပြ ရင်းဂ်နစ်ကိုယ်တိုင်ကလည်း   ကာမာရာ၏ ခြေစွမ်းပိုင်းကို   နှစ်သက်သည့်အတွက် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ကာမာရာ ကိုယ်တိုင်ကလည်း    မန်ယူအသင်းနှင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ် လာချိန်ကတည်းက မန်ယူအသင်း၌ကစားရန် အိပ်မက်တစ်ခုဖြစ်သည်ဟု ပြောကြား ထားသည့်အတွက် မန်ယူအသင်း၏ ကမ်းလှမ်းမှုကို အလွယ်တကူလက်ခံခဲ့ပြီးနောက် အပြောင်း အရွှေ့ဖြစ်မြောက်ရန် နီးစပ်နေခြင်းဖြစ်ကြောင်း သိရသည်။      

Ref;Manchester Evening News