ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၁၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၂၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၁ဝ  ရာခိုင်နှုန်းရှိ

ယနေ့ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၁၉ ခုအား စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၂၇ ဦးတွေ့ရှိ၊ ရောဂါပိုးတွေ့ရှိမှု ၁ ဒသမ ၁ဝ  ရာခိုင်နှုန်းရှိ

နေပြည်တော်  ဒီဇင်ဘာ  ၂ဝ

ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး  ၁၉-၁၂-၂ဝ၂၁ ရက် ည ၈ နာရီမှ ၂ဝ-၁၂-၂ဝ၂၁ ရက် ည ၈  နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၁၅၁၉ ခုအား  စစ်ဆေးပြီးစီးခဲ့ရာ  ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၂၇ ဦးတွေ့ရှိရသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ ၁ ဒသမ ၁ဝ ရာခိုင်နှုန်းရှိသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၉ဝ၉၃၈၉ ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၂၈၃၈ဝ ဦးရှိပြီဖြစ်သည်။

ယနေ့တွင် ဆေးရုံဆင်းခွင့် ရရှိသူ ၃၆၆ ဦး ဖြစ်သဖြင့် ယနေ့အထိစုစုပေါင်း ၅ဝ၅၇၆၁ ဦး ဆေးရုံမှဆင်းခွင့် ရရှိပြီးဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြင့် ထပ်မံသေဆုံးသူ ခြောက်ဦးရှိသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၉၂၂၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်း ထုတ်ပြန်ထားသည်။