The Mirror သတင်းစာက ရွေးချယ်ချီးမြှင့်သည့် 2021 Fan's Player of the Year ဆုကို တိုက်စစ်မှူး ဆာလက်ချ်ရရှိ

ကမ္ဘာ့ထိပ်တန်းသတင်းစာဖြစ်သည့် The Mirror သတင်းစာကရွေးချယ်ချီးမြှင့်သည့်   2021   Fan's Player  of  the  Year  ဆုကို  လီဗာပူးအသင်း တိုက်စစ်မှူးဆာလက်ချ်ရရှိကြောင်း သိရသည်။

နှစ်တစ်နှစ်ကုန်ဆုံးခါနီးတွင် ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းများနှင့် သတင်းဌာနအသီးသီးက ပရိသတ် များထံမှ ဆန္ဒမဲကောက်ခံကာ တစ်နှစ်တာအကောင်း ဆုံးကစားသမားဆုကို ရွေးချယ်ချီးမြှင့်ခဲ့ကြပြီး ယခု အခါတွင်လည်း The Mirror က ကမ္ဘာတစ်ဝန်းရှိ ပရိသတ်ဦးရေ ၁၄၀၀၀၀ ထံမှ  ဆန္ဒမဲကောက်ခံခဲ့ပြီး နောက် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုဖြစ်သည့်  2021   Fan's Player  of  the  Year  ဆုကို ရွေးချယ်ချီးမြှင့်ခြင်း ဖြစ်သည်။

ဆာလက်ချ်သည်  ၂၀၂၁  ခုနှစ်အတွင်း လီဗာပူးအသင်းနှင့် ဆုဖလားရရှိခြင်းမရှိသော်လည်း အသင်း နှင့်အတူ တစ်ဦးချင်းအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ သည့်အတွက် The Mirror က ရွေးချယ်ချီးမြှင့်သော Fan’s Player of the Year   ဆုကို   နှစ်နှစ်ဆက် ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

The Mirror က 2021   Fan's Player  of  the  Year ဆုအတွက် ပရိသတ်များထံမှ  ဆန္ဒမဲကောက်ခံကာ  ရွေးချယ်ခဲ့သည့် ဆန်ခါတင်ကစားသမားကိုးဦး စာရင်း၌ ဆာလက်ချ်၏ နောက်တွင် မန်စီးတီးအသင်းမှ  ဖိုဒန်၊ ဒီယက်ဇ်၊ ဒီဘရိုင်း၊  ချယ်လ်ဆီးအသင်းမှ ဂျော်ဂျင်ဟို၊  မေဆင်မောင့်၊  မန်ဒီ၊ မန်ယူအသင်းမှ ဖာနန်ဒက်စ်၊ ဝက်စ်ဟမ်းအသင်းမှ ဒီကလန်ရိုဒ်တို့က အသီးသီးရပ်တည်ခဲ့ကြပြီး ဆာလက်ချ်က ပရိသတ်များထံမှ ဆန္ဒမဲစုစုပေါင်း ၆၀ ရာခိုင်နှုန်းအထိ ရရှိခဲ့ကာ မဲအပြတ်အသတ်ဖြင့် 2021   Fan's Player  of  the  Year ဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။              

 Ref;The Mirror.com