ဘောလုံးအားကစားလောကတွင် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် မာတာကို ဥရောပဘောလုံး အဖွဲ့ချုပ်က အထူးဂုဏ်ပြုဆုချီးမြှင့်

ဘောလုံးအားကစားနှင့် ပတ်သက်ပြီး လိုအပ်သည့်နေရာများ၌ လှူဒါန်းမှုများပြုလုပ်ခဲ့ပြီး ပရဟတိလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် မန်ယူအသင်း ဝါရင့်ကွင်းလယ်ကစားသမား  မာတာကို ဥရောပဘောလုံးအဖွဲ့ချုပ်က အထူးဂုဏ်ပြုဆု ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မာတာသည် ၂၀၁၇ ခုနှစ်မှစ၍ Common Goal အမည်ရှိ  ပရဟိတအဖွဲ့အစည်းတစ်ခုကို  ဖွဲ့စည်းပြီး နောက် ၎င်းကိုယ်တိုင်ဦးဆောင်ပြီး ဘောလုံးလောကရှိ နည်းပြများနှင့် အားကစားသမားများထံမှ ၎င်းတို့ရရှိနေသည့် လုပ်ခလစာများထဲမှ တစ်ရာခိုင်နှုန်းကို လစဉ် အလှူငွေကောက်ခံ၍   ကမ္ဘာတစ်ဝန်းရှိ   ဘောလုံးအားကစားနှင့်ပတ်သက်ပြီး  လိုအပ်သည့်နေရာများ၌ လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

မာတာသည် အစောပိုင်းက မန်ယူအသင်း အသင်းဖော်များထံမှ အလှူငွေ စတင်ကောက်ခံမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းနှစ်များတွင် ကမ္ဘာ့ထိပ်တန်းဘောလုံးကစားသမားများကလည်း မာတာ၏ အစီအစဉ်၌ ပါဝင် လာသကဲ့သို့  လက်ရှိတွင်  ဥရောပဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆယ်ဖာရင်ကိုယ်တိုင် မာတာ၏ အစီအစဉ်တွင် ပါဝင်လာခဲ့သည်။

မာတာအနေဖြင့် ဘောလုံးအားကစားလောကတွင် လိုအပ်သည့် နေရာများ၌ ငွေကြေး ထောက်ပံ့မှုများနှင့် တခြားလိုအပ်ချက်များအတွက်  လှူဒါန်းမှုများ ပြုလုပ်နေသောကြောင့် ဥရောပဘောလုံး အဖွဲ့ချုပ်က ၎င်းကိုဂုဏ်ပြုသည့်အနေဖြင့် အထူးဂုဏ်ပြုဆု ချီးမြှင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။       

 Ref;UEFA.Com