ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ  ပြပွဲတွင် ပုလဲအတွဲ(၃၃ဝ)နှင့် ကျောက်စိမ်းအတွဲ(၆၂၂)တွဲ ရောင်းချနိုင်ခဲ့

ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ  ပြပွဲတွင် ပုလဲအတွဲ(၃၃ဝ)နှင့် ကျောက်စိမ်းအတွဲ(၆၂၂)တွဲ ရောင်းချနိုင်ခဲ့

နေပြည်တော်   ဒီဇင်ဘာ  ၂၂

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက ကျင်းပသည့် ၂ဝ၂၁ ခုနှစ် ပုလဲ အတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲ (Mini Gems Emporium)ကို ဒီဇင်ဘာ ၁၇ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ယနေ့နံနက်ပိုင်းတွင် ပြပွဲအောင်မြင်စွာ ကျင်းပခဲ့ပြီး ပုလဲအတွဲ ၃၃ဝ နှင့် ကျောက်စိမ်း အတွဲ ၆၂၂ တွဲ ရောင်းချနိုင်ခဲ့ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီမှ သိသည်။

အဆိုပါပြပွဲတွင် ပုလဲအတွဲပေါင်း ၃၃ဝ နှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈ဝ ကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းမှ ဒီဇင်ဘာ ၂၂ ရက်အထိတင်ဒါစနစ်ဖြင့် ရောင်းချခဲ့ခြင်းဖြစ် သည်။ ထိုပြပွဲသို့ ပြည်တွင်း/ပြည်ပရတနာ ကုန်သည်အများအပြား တက်ရောက်ကြပြီး ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများကို စိတ်တိုင်းကျ ကြည့်ရှုလေ့လာ၍ ၎င်းတို့ နှစ်သက်ရာ ပုလဲအတွဲများနှင့် ကျောက်စိမ်း အတွဲများကို တင်ဒါစနစ်ဖြင့် ဝယ်ယူကြ ကြောင်း သိရသည်။

၂ဝ၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများ ပြပွဲ(Mini Gems Empo-rium)တွင် နေ့ရက်အလိုက် ပုလဲအတွဲများ နှင့် ကျောက်စိမ်းအတွဲများ ရောင်းချရမှု အခြေအနေမှာ ဒီဇင်ဘာ ၁၈ ရက်တွင် ပုလဲအတွဲ ၂၂ဝ၊ ဒီဇင်ဘာ ၁၉ ရက်တွင် ပုလဲအတွဲ ၁၁ဝ၊ ဒီဇင်ဘာ ၂ဝ ရက်တွင် ကျောက်စိမ်း အတွဲ ၁၉၉ တွဲ၊ ဒီဇင်ဘာ ၂၁ ရက်တွင် ကျောက်စိမ်းအတွဲ ၁၉၅ တွဲ၊ ဒီဇင်ဘာ ၂၂ ရက်တွင် ကျောက်စိမ်းအတွဲ ၂၂၈ တွဲ ရောင်းချနိုင်ခဲ့ကြောင်း အရောင်းစာရင်း ထုတ်ပြန်ရေးအဖွဲ့၏စာရင်းများအရ သိရသည်။

 အဆိုပါပြပွဲတွင် မြန်မာနိုင်ငံအတွင်းမှ ထွက်ရှိသော ပုလဲအတွဲပေါင်း ၃၃ဝ နှင့် ကျောက်စိမ်းအတွဲပေါင်း ၇၈ဝ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ပုလဲအတွဲ ၃၃ဝ အား    အားလုံးရောင်းချနိုင်ခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၇၈ဝ အနက်  ကျောက်စိမ်းအတွဲ  ၆၂၂ တွဲအား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။